
ဒီဇာတ်လမ်းကတော့ ၁၉၈၉ ခုနှစ် ယူတာပြည်နယ်က စွန့်ပစ်မိုင်းတွင်းထဲမှာပျောက်ဆုံးသွားတဲ့ ဆယ်နှစ် သားကလေး ဂျောရှူဝါဒန်းနစ်ကိုရှာဖွေကယ်ဆယ်တဲ့ အကြောင်းကို ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတဘုရှ်ကိုယ်တိုင် ဒီဖြစ်ရပ်ကို ထူးခြား ဆန်းကြယ်တာဖြစ်တယ်ဆိုတဲ့သက်သေပဲ လို့ပြော လောက်တဲ့အထိ နာမည်ကြီးပါတယ်။ ဇာတ်လမ်းအကျဉ်း +++++++++++ ဂျော့ရှ်တိုသားအဖက ကျောင်းကလူပျိုပေါက်တွေ မိုင်းတွင်းဖက်ကိုစခန်းချခရီးထွက်တဲ့ ခရီးစဉ်ကို လိုက်လာခဲ့ပါတယ်။ စူးစမ်းချင်စိတ်ပြင်းလွန်းတဲ့ ဆယ်နှစ်သားလေးကိုအဖေဖြစ်သူကတယ်ရီက အဖော်လိုက်ပေးခဲ့တာပါ။ ဒီလိုနဲ့ တောင်ပေါ်ရောက်တော့ အဖွဲ့ထဲကတစ်ချို့က မိုင်းတွင်းထဲကိုထွက်သွားပေမယ့် အဖွဲ့ထဲက လူငယ်တစ်ယောက်နဲ့ သူတို့သားအဖက တဲထိုးဖို့အတွက်ခဏနေခဲ့ပြီးနောက် ညနေပိုင်းလောက် အရောက်မှာ သုံးယောက်သားမိုင်းတွင်းဖက်ကို ထွက်လာကြပါတယ်။ မိုင်းတွင်းထဲကိုလည်းရောက်ရော ရှေ့ကအဖွဲ့ပြန်တွေ့ပါတယ်။ အဖွဲ့ထဲက ကိုင်လ်ဆိုတဲ့ လူငယ်တစ်ယောက်မိုင်းတွင်းထဲမှာ ဆက်မနေချင်တော့ တာနဲ့ တယ်ရီကစခန်းကိုပြန်ပို့ဖို့အကြောင်းဖန်လာ ပါတော့တယ်။ ဒါပေမယ့် ဂျော့ရှ်ကအဖွဲ့နဲ့ဆက်နေချင် တယ်လို့ပြောလို့ တယ်ရီကလည်း အဖွဲ့နားမှာပဲသေချာ ကပ်နေလို့ပြောပြီးထားခဲ့ပါတယ်။ ရှေ့ဆင့်နောက်ဆင့် သွားနေရင်းနဲ့ ဂျော့ရှ်ဟာလမ်းပျောက် သွားပြီးတစ်ယောက်တည်းကျန်ခဲ့ပါတယ်။ အဖွဲ့ကလည်းစခန်းကိုပြန်ရောက်တော့မှဂျော့ရှ်ပါ မလာတာသိတော့ ကယ်ဆယ်ရေးအဖွဲ့တွေကို ဆက်သွယ်ပြီး ကလေးပျောက်ရှာဖွေရေးကိုစတင်ပါ တော့တယ်။ File size… (1.14 GB) / (646 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 38m Genre …..Biography , Drama , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin