
အဓိကဇာတ်ဆောင်ကတော့ The Lord of The Ringထဲက ဖရိုဒိုဘတ်ဂင်ဖြစ်တဲ့Elijah Woodကသရုပ်ဆောင်ထားပါတယ် ဒုတိယကမ္ဘာစစ်တုန်း ဂျူးလူမျိုးတွေ သန်းနဲ့ချီအသတ်ခံခဲ့ရတာ၊ နေရပ်စွန့်ပြီး နိုင်ငံပြောင်းနေခဲ့ကြတာကို အားလုံးသိမှာပါ။ စစ်ကြီးပြီးသွားတော့ အချို့ဂျူးတွေက နေရာသစ်မှာပဲအခြေချသလို၊ အချို့ကလည်းနေရပ်ပြန်လာကြပြီး ဆုံးသွားတဲ့မိသားစုဝင်တို့ရဲ့ နေရာတွေ၊ အမှတ်တရတွေ၊ အကြောင်းအရာတွေကို ပြန်မှတ်မိဖော်ထုတ်ကြပါတယ်။ ဇာတ်ကြောင်းကတော့ အမေရိကန်ဖွား ဂျူးလေးတစ်ယောက်က သူ့အဘိုးရဲ့ဇာတိကိုပြန်လာပြီး သူ့အဘိုးငယ်စဥ်ကနေထိုင်ခဲ့တဲ့နေရာလေးကို ပြန်လည်ရှာဖွေတဲ့အကြောင်းပါပဲ။ အဘိုးဖြစ်သူအမေရိကန်ကိုစစ်ဘေးရှောင်မလာမီ နာဇီလက်ကနေအဘိုးဖြစ်သူကိုကယ်တင်ပေးခဲ့ဖူးတဲ့ အမျိုးသမီးကိုလည်း ကျေးဇူးတင်ချင်လို့လည်းပါတာပေါ့။ ဒီလိုနဲ့ သူ့ရဲ့စွန့်စားခန်းလေးက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာအပြင် လူတွေရဲ့စိတ်သဘောထား၊ အချို့လူမျိုးစုတွေရဲ့ တလွဲအမြင်တွေကို comedyလေးနှောပြီးကြည့်ရမယ့်ကားလေးပဲဖြစ်ပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်လည်း အတင်းဟာသလုပ်ယူမထားဘဲ ငြိမ့်ငြိမ့်အေးအေးလေးနဲ့ ရှုခင်းလှလှလေးတွေကိုခရီးသွားရင်းကြည့်ရသလိုကားမျိုးပါ။ File Size :(2.02GB) and (982MB) Quality : BLU-RAY 1080p, 720p Format…mp4 Duration…01:46:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae