
Envy (2004) ========== “လောဘကြောင့် မင်းအသိစိတ်ပျောက်သွားပြီ” ကိုယ့်ထက်နိမ့်ကျတဲ့သူတစ်ယောက် ကိုယ့်ထက်သာသွားတဲ့အချိန်မှာ မနာလိုဖြစ်ဖူးလား? 2004 ခုနှစ်က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာတော့ Night at the Museum နဲ့ The secret life of Walter Mitty တို့လိုကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ထုတ်လုပ်သူ/မင်းသား Ben Stiller နဲ့ Kung Fu Panda Po ဇာတ် ကောင်ရဲ့ အသံသရုပ်ဆောင်တစ်ဖြစ် Gulliver’s Travel လို နာမည်ကျော် ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ Jack Black တို့ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဂျက်နဲ့တင်မ်တို့က အိမ်နီးချင်းတွေဖြစ်ပြီး နေ့စဉ်အလုပ်အတူတူ သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်။ အလုပ်ခွင်မှာတော့ တင်မ်က အလုပ် ပိုတော်တဲ့အတွက် ရာထူးပိုမြင့်ပြီး ကိုယ်ပိုင်ရုံးခန်းပိုင်ပါတယ်၊ ဂျက်ကတော့ အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်း အားနည်းတဲ့အတွက် သာမန်ဝန်ထမ်းလေးတစ် ယောက်ပါပဲ။ တစ်ရက် အလုပ်ကအပြန်လမ်းမှာ လူတစ်ယောက် ခွေးချေးကျုံး နေတာကိုမြင်ပြီး ဂျက်တစ်ယောက် Vapoorize ဆိုတဲ့အရာကို တီထွင်ဖို့ အကြံ ရသွားပါတယ်၊ တင်မ်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပြောပြီး ဂျက်ရဲ့ပြောစကားကို အဖက်မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့ ဂျက်တစ်ယောက် သူ့ရဲ့တီထွင်မှု အောင်မြင်သွားတဲ့ အခါမှာ တင်မ်တစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုကရော အရင်အတိုင်း ရှိပါဦးမလား… ဒါတွေကိုသိရဖို့အတွက် Envy ဆိုတဲ့ ဇာတ်ကားလေးကို ဆက်ပြီးကြည့်ရှုကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.55 GB) / (720 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thura Aung Encoder……….SWM