
Enjoy (2022) ပျော်စရာ အရှုပ်တော်ပုံများ *********************************************** ဒီဇာတ်ကားလေးကတော့ ၂၀၂၂ခုနှစ်က ထွက်ရှိခဲ့တဲ့ Romance/Comedyအမျိုးအစား အချစ်ဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းကောလိပ်တွေထဲက တစ်ခုဖြစ်တဲ့ ချင်နိုင်းက VACကောလိပ်ကို BAC တက်ဖို့အတွက် မိန်းကလေး ၃ယောက် ရောက်လာခဲ့တယ်။ ကောလိပ်မှာရှိတဲ့ ကျောင်းသားဟောင်းစီနီယာ တွေက သူတို့ကို ဘာTaskလုပ်ရမယ် ညာTaskလုပ်ရမယ် မဟုတ်ရင် အခန်းထဲ သွားလို့မရဘူးဆိုပြီး ဂျင်း ဝိုင်းသိပ်ပါတော့တယ်။ ပြီးတော့ တစ်ခါ ဂျောနီဆင့်ဆိုတာ ဘယ်သူလဲလို့ မေးပြန်တော့ ရိုးအလှတဲ့ မိန်းကလေး ၃ယောက်ခမျာ ဒီနာမည်ကို တစ်ခါမှမကြားဖူးတဲ့အတွက် ဘာပြောလို့ပြော ရမှန်းမသိဖြစ်နေတော့တာပေါ့။ စီနီယာတွေက ဒီနာမည်ကို တစ်ပါတ်အတွင်း သိအောင်လုပ်ခဲ့ဖို့ ရာဇသံ ပေးလိုက်ရာက … ဘယ်လို အရှုပ်တွေကို ဟာသနှောပြီး တင်ဆက် ပေးထားလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေး ကြပါလို့ …. အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM BollywoodTeam မှ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )