
ဒီရုပ်ရှင်ကတော့ Crime Thriller အမျိုးအစားပါ။ Imdb 7.1 အထိ ရရှိထားပြီး လူကြိုက်များတဲ့ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ John Patton Ford တဲ့။ အရင်က ရုပ်ရှင်ကြီးကြီးမားမား မရိုက်ဖူးပေမဲ့ သူ့ရဲ့ပွဲဦးထွက် ဒီရုပ်ရှင်က ဝေဖန်ရေးဆရာတွေ အကြိုက်တွေ့စရာဖြစ်လာပါတယ်။ သရုပ်ဆောင်တွေကလည်း A list မင်းသားမင်းသမီးတွေမဟုတ်ပေမဲ့ အတော်လေးပီပြင်ပြီး ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုတွေရထားပါပြီ။ ဒီရုပ်ရှင်ကို ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်ကူးထားတာပါပဲ။ ဇာတ်လမ်းကတော့ ဒုစရိုက်လောကထဲက မိန်းကလေးတစ်ယောက်အကြောင်းပါပဲ။ ရာဇဝတ်မှုကားတွေမှာဆို နှစ်မျိးရှိတတ်တယ်။ ဆရာ့ဆရာကြီးတွေအကြောင်းပြတဲ့ဇာတ်လမ်းမျိုးနဲ့ Breaking Bad လို လုပ်မိလုပ်ရာလုပ်ရင်းနဲ့ ဆရာကြီးဖြစ်လာတဲ့ဇာတ်လမ်းမျိုးပေါ့။ သူကတော့ Breaking Bad လိုပါပဲ။ ကျောင်းစားရိတ်ချေးငွေ ၇၀၀၀၀ ကို မဆပ်နိုင်တော့ ငွေရလွယ်တဲ့ အလုပ်တွေရှာရင်းနဲ့ ခရက်ဒစ်ကတ်လိမ်လည်တဲ့ လူမိုက်လောကထဲကိုရောက်သွားပါတယ်။ အဲဒီမှာမှ တဖြည်းဖြည်းကျင်လည်ရင်း ကျွမ်းလာသလို အခက်အခဲတွေ တစ်ခုပြီးတစ်ခုတွေ့ရတဲ့အကြောင်းကို ပြသထားတာပါ။ ဘက်ဂျက်နည်းနည်းနဲ့ သဘာဝကျကျ ဇာတ်အိမ်ကောင်းကောင်း သရုပ်ဆောင်ကောင်းကောင်း မျက်နှာသစ်ရုပ်ရှင်လေးတွေကြည့်ချင်ရင်တော့ ဒီကားကို ရွေးရမှာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပါ။) File Size : 2.5, 663MB, 370MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 37mins Genre : Crime, Drama, Thriller Translated by Mr.Anderson Encoded by Kinnov
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.5 GB | Download | |
| 720p | 663 MB | Download |