
~ IMDb - 7.3/10, RT - 96%, Meta - 83% ~ Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူအများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာ ဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို Godfather တစ်ယောက်ရှိသင့်တဲ့ အတွေးအခေါ်တို့ စိတ်အခံတို့ကိုလည်း သေချာပုံဖော်သွားပါတယ်။ ပြောရရင် Wong Kar Wai ရဲ့ The Grandmaster ဂန်းဗားရှင်းလို့တောင် ဆိုလို့ရပါတယ်။ Election နဲ့ Triad Election တို့ဟာ အာရှရဲ့ Godfather လို့ ချီးကျူးခံရတဲ့အထိ ကောင်းတဲ့ ဂန်းရုပ်ရှင်တွေဖြစ်ပြီး Godfather Part 3 အတွက် ကော်ပိုလာက 16နှစ်အချိန်ယူခဲ့သလို Johnnie Toလည်း Election 3 အတွက် အချိန်ယူလာခဲ့တာ ၂၀၀၆ ကတည်းကနေ ခုထိပါပဲ။ ခုတောင် 16နှစ် ရှိနေပါပြီ။ လက်ရှိ Actor တွေအပြင် Andy Lau ပါ ပါလာမယ်လို့ ဆိုကြပါတယ်။ မကြာခင်နှစ်တွေမှာ Johnnie To ရဲ့ ဇာတ်ညွန်းရှိပြီးသား Election 3 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျဆင်းလာတဲ့ အရည်အသွေးအရ သိပ်တော့မမျှော်လင့်ရဲပေမဲ့ ဘာရိုက်ရိုက် မာစတာပိစ်ဖြစ်နေတဲ့ Johnnie To ကတော့ သူ့မာစတာပိစ်နှစ်ကားရဲ့ Trilogy အပိတ်အတွက် အကောင်းဆုံးမဟုတ်တောင် မညံ့တဲ့ရုပ်ရှင်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ လက်ရှိနှစ်ကားကတော့ နိုင်ငံတကာ ဂန်းရုပ်ရှင်ပဲကြိုက်ကြိုက် အာရှကားပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ မာစတာပိစ်နှစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 575MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min IMDb rating - 7.3/10 Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3GB | Download | |
| 720p | 575MB | Download | |
| 1080p | 1.3GB | Download | |
| 720p | 575MB | Download |