
~ IMDb Rating - 7.5/10 ~ လူတွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စားနေတဲ့ စားနပ်ရိက္ခာတွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်နေမှာသေချာပါတယ်။ ဒါပေမဲ့ ကဏ္ဍပေါင်းစုံက သုတေသနပညာရှင်တွေ နှစ်ပေါင်းများစွာ လုပ်လာတဲ့ သုတေသနရလဒ်တွေ၊ အစီရင်ခံစာတွေက ဒီယူဆချက် မှန်ကန်ကြောင်း သက်သေထူနေပါတယ်။ ကမ္ဘာ့လူဦးရေတစ်နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာတွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် မွေးမြူရေးလုပ်ငန်းတွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ မွေးမြူရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တွေ အဖြစ်မှန်တွေကို သုတေသနရလဒ်တွေနဲ့အညီ သေချာဖော်ထုတ်တင်ဆက်ထားတာပါ။ မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်တွေ၊ မိုးလေဝသပညာရှင်တွေ၊ အစာအာဟာရပညာရှင်တွေ စုံစုံလင်လင် ပါဝင်ထားပြီး မွေးမြူရေးလုပ်ငန်းကြောင့် ဖြစ်လာတဲ့ သစ်တောနဲ့ ရေသယံဇာတပြုန်းတီးမှု၊ ကမ္ဘာကြီးပူနွေးလာမှု၊ တိရစ္ဆာန်မှတဆင့် လူတွေကို ကူးစက်တဲ့ ကပ်ရောဂါဆိုးတွေအကြောင်း၊ ငါးမွေးကန် လုပ်ငန်းနဲ့ အဏ္ဏဝါဇီဝမျိုးစိတ်မျိုးကွဲတွေရဲ့ မျိုးတုန်းမှုအကြောင်း ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီ Documentary ကို ကြည့်လိုက်တာနဲ့ ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေက ကိုယ့်ရဲ့ပျက်သုဉ်းခြင်းကို ဘယ်လိုဦးတည်စေလဲဆိုတဲ့ အသိတစ်ခု ကျန်ခဲ့မှာပါ။ (ဒီ Documentary နဲ့အညွှန်းကို JimX မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 763MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 22Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by JimX Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 720p | 763MB | Download | |
| 1080p | 1.7GB | Download | |
| 720p | 763MB | Download |
ထုတ်လွှင့်သည့်နေ့
September 16, 2021
ကြာချိန်
1h 21m
အဆင့်သတ်မှတ်ချက်
6.9 / 10
Director
Otto Brockway, Ludo Brockway