
IMDb Rating - 8.4/10 စောင့်မျှော်နေသူ အတော်များများရှိနေမယ့် DUNE ရုပ်ရှင်ကားကြီးထွက်လာပြီမို့ CMပရိတ်သတ်တွေအတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ်၊ သာမန် Sci- ficတွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်တွဲတွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်းပေ့ဆိုတဲ့ Castတွေ၊ Legendary soundtrack တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ပြောင်မြောက်လွန်းတဲ့ VFXနဲ့ CGIတွေရဲ့ ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်တွေ အမျှော်လင့်ဆုံးဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက်မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ House Harkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreidesတွေကို ပြောင်းလဲအုပ်ချုပ်စေခြင်းကစပါတယ်။ ဒါပေမဲ့ Harkonnenတွေဟာ Arrakis ဂြိုလ်ပေါ်ကရတဲ့ Spiceဆိုတဲ့အရာကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာစေခြင်းစတဲ့ စွမ်းအားတွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ တူးဖော်နိုင်မှာပါ၊ တူးဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါကြောင့်မလို့ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အချက်အချာဖြစ်နေတဲ့ Duneဂြိုလ်ကို လွှဲပြောင်းယူလိုက်ရတဲ့ House Atreides အနေနဲ့ House Harkonnenရဲ့ ဒုက္ခပေးလာမှုရော၊ Emperorနဲ့ တခြားHouseတွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သားတော်... အိမ်တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulကရော Atreidesတွေကို ဘယ်လောက်ထိ ခေါင်းဆောင်ပေးသွားမလဲဆိုတာကို CGIနဲ့ VFX အမိုက်စား၊ Soundtrackအမိုက်စား၊ Castsအမိုက်စားတွေနဲ့ပဲ ရိုက်ကူးတင်ဆက်ထားတာ မလို့ Hypeရကျိုးနပ်မယ့် Sci-Fic ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတာမို့ အမြန်ဆုံး တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို JimX မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်။) Quality – BluRay 4K HEVC /DS4K HEVC/HDRip 1080p/ 720p/ 360p Duration - 2hr 35min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Adventure, Drama Source : BluRay/HDRip Translator – CM Team Encoder – SWM,Nyeinsaeya Aung
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 1080p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
September 15, 2021
ကြာချိန်
2h 35m
အဆင့်သတ်မှတ်ချက်
7.8 / 10
Director
Denis Villeneuve