
Doraemon the Movie: Nobita’s Little Star Wars 2021 (2022) ========================================== CM ပရိတ်သတ်ကြီးတို့ထဲမှာ ဒိုရေမွန်နဲ့ နိုဘိတကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ဘဝဇာတ်ကားတွေကို ပြန်ကြည့်ရတဲ့အခါ၊ ငယ်ဘဝဇာတ်ကောင်တွေကို ပြန်ထိတွေ့ရတဲ့အခါ ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းဇာတ်ကောင်ကို လွမ်းဆွတ်နှုန်းက ၅၀%၊ ကြည့်ရင်းနဲ့ဖြစ်ပေါ်လာတဲ့ ငယ်ဘဝခံစားချက်ကို သတိရမိတာက ၅၀%ပါပဲ။ ငယ်ငယ်ကတော့ ကျောင်းဆင်းချိန်တို့၊ ကျောင်းပိတ်ရက်တို့မှာ ကြည့်ခဲ့ကြတယ်ဟုတ်။ အခုတင်ဆက်ပေးမယ့် Movie လေးရဲ့ ဇာတ်လမ်းကဒီလိုပါ။ နိုဘိတတို့ သူငယ်ချင်းတစ်သိုက် ရှုတင်ရိုက်နေရင်းကနေ နိုဘိတတစ်ယောက် ဒုံးပျံယာဉ်အသေးစားလေးတစ်စင်း ကောက်ရလိုက်ပါတယ်။ အဲ့ထဲကနေ ပါပီလို့ခေါ်တဲ့ ဂြိုဟ်သားသေးသေးလေးထွက်လာသတဲ့။ သူ့ယာဉ်က ပျက်စီး သွားတာမို့ နိုဘိတနဲ့ ဒိုရေမွန်တို့က ကူပြင်ပေးနေချိန် ပီရှားလို့ခေါ်တဲ့ တိုက် သင်္ဘောကြီးရောက်လာပြီး တိုက်ခိုက်တော့တာပါပဲ။ စပွိုင်းလွတ်အောင် ဇာတ်ကွက်လေးတွေကျော်ပြီး အကြမ်းဖျင်းညွှန်းရမယ် ဆိုရင်ဖြင့် နိုဘိတတို့သူငယ်ချင်းတစ်သိုက် တခြားဂြိုဟ်မှာ စွန့်စားခန်းဖွင့်တာ တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ထဲအားမလို အားမရဖြစ်လာမှုတွေလည်းကြုံရမှာမို့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phoenix Homura ဖြစ်ပါတယ်) File Size……….(1.68 GB) / (684 MB) / (421 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Phoenix Homura Encoder……….Admin X