
လူသားမျိုးနွယ်ရဲ့ အာကာသခရီးဟာ ၁၉၆၉ခုနှစ် ဇူလိုင်လ ၁၆ရက်က လွှတ်တင်တဲ့ Apollo 11နဲ့အတူ အစပျိုးခဲ့ပါတယ်။ လိုက်ပါသွားခဲ့တဲ့ Neil Armstrong နဲ့အဖွဲ့သားတွေဟာ လပေါ်ကို ပထမဆုံး အခြေချနိုင်သူတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမယ့် အမှန်တကယ် ပထမဆုံး အခြေချနိုင်သူဟာ Neil Armstrong မဟုတ်ဘဲ မူလတန်းကျောင်းသားတစ်ယောက်သာ ဖြစ်ခဲ့မယ်ဆိုရင်… ထိုအချိန်က Huston နယ်မြေမှာ အရာရာတိုင်းက အာကာသနဲ့ပတ်သက်တာတွေချည်း ဖြစ်ခဲ့တာပေါ့။ မူလတန်းကျောင်းသားလေး Stan အပါအဝင် ကလေးတော်တော်များများရဲ့ အိပ်မက်ဟာ အာကာသယာဉ်မှူးကြီးဖြစ်ဖို့ပါပဲ။ တစ်နေ့မှာတော့ NASAက လူတချို့ဟာ Stan ကိုခေါ်ပြီး အာကာသယာဉ်ထိန်းခန်းဆောက်လုပ်ရာမှာ တွက်ချက်မှုအမှားလေးတွေကြောင့် သာမန်ထက်အနည်းငယ် သေးငယ်သွားပြီး အဲဒီယာဉ်ကိုမောင်းနှင်ပြီး လပေါ်ကိုသွားဖို့ ကလေးတစ်ယောက်ကိုလိုက်ရှာနေတာဖြစ်ကြောင်း ပြောပြပါတယ်။ အဲဒီအကြံကို Stan ကလဲ လက်ခံခဲ့ပြီး လပေါ်ကို ခရီးသွားနိုင်ခဲ့ပါတယ်။ အဲဒီပရောဂျက်ဟာ Apollo 10 ½ လို့ခေါ်ပြီး Apollo 11 မတိုင်ခင် ဖြစ်ခဲ့တာပေါ့။ သို့သော် ဒီဖြစ်ရပ်ကို ပါးစပ်ပိတ်ထားရတဲ့ Stan အဖို့တော့ နေ့စဉ်ဘဝဟာ ထူးခြားပြီး ပြောင်းလဲသွားတာမရှိပါဘူး။ ဒီဇာတ်လမ်းလေးမှာ ထိုခေတ်အခါက အာကာသယာဉ်မှူးတွေ ဖြတ်ကျော်ရတဲ့လေ့ကျင့်ရေးတွေ၊ အာကာသခရီးစဉ်ရဲ့ အဆင့်ဆင့်ကျော်ဖြတ်ရပုံတွေအပြင် ထိုခေတ်က လူနေမှုပုံစံတွေကို အသေးစိတ်ကျကျ ထည့်သွင်းရှင်းပြထားတဲ့အပြင် သမိုင်းဝင်ဖြစ်ရပ်အချို့နဲ့ မူရင်းအသံဖိုင်၊ ဗီဒီယိုဖိုင်လေးတွေပါ ထည့်သွင်းဖော်ပြထားတာဖြစ်လို့ ရသထက် သုတက အလေးပိုတဲ့ဇာတ်လမ်းလေးပါ။ Biography ပုံစံလေးဖြစ်လို့ အေးအေးလေးနဲ့ ဆွဲဆောင်နိုင်မယ့်ကားဖြစ်တာကြောင့် တည်တည်ငြိမ်ငြိမ်ဇာတ်လမ်းလေးတွေကို ကြိုက်နှစ်သက်သူတွေ၊ အာကာသပရိတ်သတ်တွေအနေနဲ့ မျက်စိအစာကျွေးရင်း ဦးနှောက်ကိုပါ အစာကျွေးလို့ကောင်းမယ့် ဇာတ်လမ်းလေးကို တင်တက်ပေးလိုက်ပါတယ်။ File size…1.7GB / 671MB Quality…1080p NF WEB DL AAC5.1CH / 720p Format…mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Tsukishiro