
Don’t Make Me Go (2022) ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ…? အချိန်လား…? ငွေလား…? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား…? ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don’t Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။ အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း မြင်ရပါမယ်။ ရုပ်ရှင်ကားလေးက ကြည်နူးစရာကောင်းလိုက်၊ အမြင်ကတ်လိုက်၊ အားကျလိုက်၊ ပြန်တွေးလိုက်နဲ့ ကုန်ဆုံးသွားရမယ့် ၂ နာရီတောင်မပြည့်တဲ့ အချိန်လေးအတွင်းမှာ ရသမျိုးစုံကို ခံစားရမှာပါ။ ဒရာမာကားကောင်းလေးနဲ့ အတွေးနယ်ပယ်ထဲ လွင့်မျောချင်ရင်တော့ Don’t Make Me Go ကို အလွတ်မပေးဖို့ အကြံပြုချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 850MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 49Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download | ||
| 1080p | 2.3GB | Download | |
| 1080p | 2.3GB | Download | |
| 1080p | 2.3GB | Download | |
| 1080p | 2.3GB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download | |
| 720p | 850MB | Download |
ထုတ်လွှင့်သည့်နေ့
June 13, 2022
ကြာချိန်
1h 49m
အဆင့်သတ်မှတ်ချက်
6.5 / 10
Director
Hannah Marks