
လူအမျိုးမျိုး စိတ်အထွေထွေ" တဲ့ ... လူရယ်လို့ ဖြစ်လာရင် ကိုယ်ပိုင်ခံယူချက်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေက တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုမှ မတူနိုင်ဘူး။ မိသားစုတစ်ခုမှာတောင် မိဘနဲ့ သားသမီးဟာ စိတ်သဘောထားချင်း မတူတာများတယ်မလား၊ မျိုးဆက်တစ်ခု ကွာတဲ့ မိဘနဲ့ သားသမီးကို ခဏထားဦး အသက်ရွယ် သိပ်မကွာတဲ့ မောင်နှမ အချင်းချင်းတောင် အဆင်မပြေမှုတွေ ရှိတတ်တာပဲလေ။ အခုဇာတ်လမ်းလေးကတော့ ဒီလိုဗျ ... မိသားစု တစ်ခုရှိတယ်။ အဖေဖြစ်သူက ကင်ဆာရောဂါသည်တစ်ယောက်၊ သမီးနှစ်ယောက် သားနှစ်ယောက်ရှိတယ်၊ သမီးဖြစ်သူ မိုနာကတော့ အဖေ့အိမ်မှာ အတူနေပြီး အနီးကပ် ပြုစုပေးနေတယ်ပေါ့။ ကျန်တဲ့ မောင်နှမကိုယ်ဆီက အလုပ်အကိုင် အတည်တကျနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေတဲ့သူတွေ၊ မိုနာကတော့ စာရေးဆရာမ ဖြစ်ချင်ပေမဲ့ အခုထိစာအုပ်တောင် မယ်မယ်ရရ မရေးရသေးဘူး၊ သူ့စိတ်ထဲမှာ ဇာတ်လမ်းရှိတယ်ပဲ ပြောနေခဲ့တဲ့သူ၊ တစ်နေ့မှာတော့ ကင်ဆာရောဂါသည် ဖခင်ကြီးက ကိုမာဝင်သွားခဲ့တယ်၊ ဒီတော့ တစ်နေရာစီမှာ အခြေကျနေတဲ့ မောင်နှမတွေအားလုံးကို မိုနာက လှမ်းခေါ်တယ်။ အဖေဖြစ်သူကို အကြောင်းပြုပြီး မောင်နှမတွေအတူရှိချိန်မှာ အချင်းချင်း ကတောက်ကဆတွေ ဖြစ်ကြ၊ တစ်ယောက်စီရဲ့ အားနည်းချက်တွေကို ထိုးနှက်ကြနဲ့ ... မိသားစုတွင်းမှာ ဖြစ်ပျက်တတ်တဲ့ ပြဿနာအခက်အခဲတွေကို ရိုက်ကူးတင်ဆက်ထားတဲ့ စိတ်ဝင်စားဖွယ် ဒရမ်မာ ကားကောင်းလေးတစ်ကားပါ။ ဒီကားကိုကြည့်ပြီး ခံစားမိတာလေးကတော့ မိသားစုတစ်ခုမှာ တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြပေမဲ့ မတူညီတဲ့ ခံယူချက်တွေက မိသားစုအချင်းချင်းကို ဝေးကွာသွားစေတတ်တယ်ဆိုတာနဲ့ မိသားစုကို အချိန်မလွန်ခင် တန်ဖိုးထားဖို့ လိုအပ်တယ်ဆိုတာပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Jumper Neysman ပါ။) File Size : 1.2GB, 525MB & 239MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 46mins Genre : Drama Translated by Jumper Neysman Encoded by Kinnov