
~ IMDb - 8.2/10, Rotten Tomatoes - 100% ~ 2022 ထွက် Family Drama ဖိလစ်ပိုင်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မိဘနဲ့ သားသမီးကြား မေတ္တာကို ထပ်ဟပ်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး အပိုအလိုပြကွက်တွေမရှိဘဲ ရိုးရိုးလေးနဲ့ မျက်ရည်ဝဲအောင် ရင်ထဲထည့်သွားမယ့် ရုပ်ရှင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းအရဆိုရင်တော့... ရပ်စ်တင်ဟာ ရော့ခ်အင်ရိုး ဂီတသမားတစ်ယောက် ဖြစ်ပြီး ဂီတသမားပီပီ ဆေးလည်းသုံးလေ့ရှိသူတစ်ယောက်၊ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သူဟာ လူလွတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ယခင်က ရှီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပြီး ရပ်စ်တင်ရဲ့ အလေးအနက်မရှိမှုတို့ကြောင့် ပြတ်စဲသွားရတာပါ။ ရပ်စ်တင်ရဲ့ တီးဝိုင်းအဖွဲ့သားတစ်ယောက် ဆေးလွန်သေဆုံးပြီးနောက်မှာ ရပ်စ်တင်ဟာ စိတ်ပြေလက်ပျောက်နဲ့ အတိတ်ဟောင်းလေးတွေရှိရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ မထင်မှတ်ဘဲ ယူမီဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ယူမီကို ခင်တွယ်မိပါတော့တယ်။ ဒီလိုနဲ့ ရပ်စ်တင်ကိုယ်တိုင်ပဲ ထွက်ပြေးခဲ့တဲ့ အတိတ်ဟောင်းကို သူကိုယ်တိုင်မသိလိုက်ဘဲ ပြန်လည်တိုး၀င်မိပါတော့တယ်။ Drama ဆိုရင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်လေ့ရှိတဲ့ ဖိလစ်ပိုင်တွေအဖို့တော့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ထွက်လာမှာ ငြင်းစရာမရှိတာမို့ CM ပရိသတ်ကြီးတို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို CHUCK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.82GB, 914MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 1H 47Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by CHUCK Encoded by Y