
Colin Firth, Reese Witherspoon,Dane Dehhan တို့လို ဝါရင့်သရုပ်ဆောင်တွေပါ၀င်ထားတဲ့ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားကောင်းလေးတခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ၀က်စ်မန်းဖက်စ် မြို့ဆိုတာက အာကန်ဆာပြည်နယ်က ဆိတ်ငြိမ်တဲ့မြို့လေးတမြို့ပါ။ ဒီလိုမြို့လေးကိုတနေ့မှာ တုန်လှုပ်သွားစေခဲ့တာကတော့ ရှစ်နှစ်သားအရွယ် စတီဗီ, မိုက်ကယ်နဲ့ ခရစ်စတိုဖာဆိုတဲ့ ကောင်လေး ၃ယောက် လူသတ်ခံရမှုကြောင့်ပါပဲ။ ဒီလူသတ်မှုမှာရဲတပ်ဖွဲ့က သံသဃရှိ စွဲချက်တင်ခံထားရတာက ဒေမီယန် အက်ကိုးလ်, ဂျေဆင် ဘော့်၀င်နဲ့ ဂျက်စီ မစ်စ်ကယ်လီဆိုတဲ့ လူငယ်လေးသုံးယောက်ပါ။ ဒီလူငယ်လေးသုံးယောက်ကို လူတွေကလည်း နတ်ဆိုးကိုးကွယ်တဲ့သူတွေ ကလေးတွေကို ယဇ်ပူဖော်လိုက်တာလို့စွပ်စွဲထားကြပါသေးတယ်။ သူတို့ကိုကူညီဖို့အတွက် ရောက်လာခဲ့တဲ့သူကတော့ ရွန်လက်စ်ဆိုတဲ့ အလွတ်တန်းစုံထောက်ပါ။ သေဒဏ်အထိဖြစ်လာနိုင်နေတဲ့ ဒီလူငယ်လေးတွေကိုကူညီပေးရင်းနဲ့ ရွန် သတိထားလာမိတာကတော့ ရဲတွေနဲ့ စုံထောက်တွေရဲ့အလောတကြီး ဒီအမှုကိုတရားရုံးတင်ခဲ့တာတွေ သက်သေရှေ့နောက်မညီ ထိန်ချန်တာတွေ မူမမှန်တဲ့ထွက်ဆိုချက်တွေပါ။ ရွန်အနေနဲ့သူ့စိတ်ထဲထင်သလို ဒီကောင်လေးသုံးယောက်ကတကယ်ပဲအပြစ်မရှိတာလား။ မရှိခဲ့ရင်ရောတကယ့်တရားခံတွေကဘယ်သူလဲဆိုတာဖော်ထုတ်နိုင်ပါ့မလား အယူသီးမှုတွေနဲ့ တရားဥပဒေလက်တလုံးခြားလုပ်မှုတွေရဲ့အောက်မှာသူ့အနေနဲ့ အမှန်တရားကိုဖော်ထုတ်နိုင်ပါ့မလားဆိုတာကို Devil’s knot ဆိုတဲ့ ဖြစ်ရပ်မှန် မှုခင်းဇာတ်ကားလေးမှာရှူစားအားပေးကြပါဦးခင်ဗျ File size… 1.58 GB / 768 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Crime , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Brackman
| Provider | Resolution | File Size | |
|---|---|---|---|
| 1080P | 1.58 GB | Download | |
| 720P | 768 MB | Download | |
| 1080P | 1.58 GB | Download | |
| 720P | 768 MB | Download | |
| 1080P | 1.58 GB | Download | |
| 720P | 768 MB | Download | |
| 1080P | 1.58 GB | Download | |
| 720P | 768 MB | Download | |
| 1080P | 1.58 GB | Download | |
| 720P | 768 MB | Download |