
တရုတ်ပြည်သူ့ သမ္မတနိုင်ငံအချိန်ကာလမှာ ထူးဆန်းတဲ့ မျိုးနွယ်ကနေပြီးတော့ မွေးဖွားလာခဲ့တဲ့ သူရဲကောင်းဆရာကြီးကွမ်း ဆိုတဲ့သူတစ်ယောက်ရှိခဲ့ပါတယ် သူဟာ ရက်စက်ယုတ်မာလှတဲ့ အပြစ်လုပ်သူတွေကို ရွံရှာမုန်းတီးနေသူတစ်ဦးပါ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၁၇ နှစ်အချိန် စစ်ပွဲတွေကလဲ မရပ်မနားတမ်းဖြစ်ပေါ်နေပြီးတော့ ပြည်သူတွေအများစုကလဲ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရပါတယ် အဲဒီအချိန်မှာ ဆရာကွမ်းရဲ့ တပည့်ဖြစ်သူ ယဲ့ဖေးဟာ ခေါင်းတလားဆိုင်ဖွင့်ထားပြီး ဒုက္ခသည်စခန်းက ပြည်သူ့အလောင်းတွေကို ကောက်ပေး သိမ်းပေးတဲ့ အလုပ်ကိုလဲ လုပ်ပေးပါသေးတယ် ဒါပေမဲ့လို့ ကံကြမ္မာကသူ့ကို မျက်နှာသာမပေးခဲ့ပါဘူး တစ်နေ့မှာတော့ သူရောင်းတဲ့ ခေါင်းတလားအတွင်းမှာ လူသေအလောင်းတွေ့တာကြောင့် လူသတ်ပြီး အလောင်းဖျောက်မှုနဲ့ အဖမ်းခံလိုက်ရပါတော့တယ် အဲဒီအချိန်ကနေစပြီး တပည့်ဖြစ်သူရဲ့ လုပ်ကြံခံရမှု အမှန်တရားကို ရှာဖွေဖို့အတွက် ဆရာကြီးကွမ်းဟာ အစွမ်းကုန်ကြိုးစားလာခဲ့တဲ့ အချိန်မှာတော့ ...? ❏ ဒီလုပ်ကြံခံရမှု နောက်ကွယ်မှာ ဘယ်လိုထူးဆန်း ထိန့်လန့်ဖွယ်ရာတွေနဲ့ တွေ့ရှိရမလဲ ? ❏ ခေါင်းတလားအတွင်းက အလောင်းရဲ့ ဇာတ်ကြောင်းတွေကရော ဘာတွေများဖြစ်နေမလဲ ❏ ဆရာကြီးကွမ်းတစ်ယောက် တပည့်ဖြစ်သူရဲ့ အမှန်တရားကို ရှာဖွေပေးနိုင်ပါ့မလား ❏ ဒီအမှုအပြင် တစ်ခြားသော ထူးဆန်း ထိန့်လန့်ဖွယ်ရာ အမှုတွေကိုရော ရင်ဆိုင်လာရတဲ့အခါ သူတို့တွေ ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ရအောင်လားရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK