
အက်စတာနဲ့ ဂျွန်တို့မိသားစု ၄ဦးဟာ နွေရာသီအားလပ်ရက်မှာ ပြင်သစ်ကိုအလည်အပတ်ခရီးထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ တစ်ရက် အပန်းဖြေအိမ်အနီးနားက ဟိုတယ်မှာ ညစာ စားပြီးအပြန် လမ်းမှာကောင်မလေးတစ်ယောက်ကို ကားနဲ့ တိုက်မိခဲ့ပါတယ်။ ကားတိုက်ဒဏ်ရာကလည်းသိပ်မပြင်းတော့ အမှုပတ်မှာစိုးတာနဲ့ ကောင်မလေးကို ဆေးရုံမပို့ဘဲ အိမ်ခေါ် သွားခဲ့ကြပါတယ်။ နောက်ရက်မှာ ကောင်မလေးက သူတို့အိမ် ပြန်ရောက်လာပြီး ဒဏ်ရာေကြာင့် အလုပ်ထုတ်ခံလိုက်ရတဲ့ အတွက် အက်စတာတို့အိမ်မှာ အိမ်အကူအနေနဲ့အလုပ်လုပ် ပါရစေလို့ ခွင့်တောင်းလာပါတော့တယ်။ ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားအတိုင်း ကောင်မလေးကို အိမ်ပေါ်ခေါ်တင်မိရာကနေ မိသားစုထဲမှာ ပြဿနာတွေတစ်စ တစ်စတက်လာပြီး ကောင်မလေးရဲ့သရုပ်မှန်ဟာလည်း တဖြည်းဖြည်းပေါ်လာပါတော့တယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်ပါပဲ။ ဒီရုပ်ရှင်က ဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ အချိတ်အဆက် ပိုင်နိုင်ပြီး ကြည့်ရတာအတော်လေး အားရစရာကောင်းတဲ့ အထဲမှာပါပါတယ်။ background music ကောင်းကောင်း နဲ့ ကင်မရာအယူအဆ cinematography အပိုင်းမှာလည်း ကာလာလွင်လွင်နဲ့ တော်တော် လေးလှတာပါ။ အဲလိုအရောင်လှလှလေးနဲ့ပဲ ဇာတ်လမ်းကို တဖြည်းဖြည်းဆွဲခေါ်လာပြီး အတွင်းထဲက လှိုက်စားပစ်လိုက် သလိုမျိုး ရသကိုပေးနိုင်တဲ့ ရုပ်ရှင်မျိုးပါ။ ရုပ်ရှင်ဝေဖန်ရေးဆရာများကတော့ ဒီရုပ်ရှင်ကို နာမည်ကျော် Parasite နဲ့ Saltburn ရုပ်ရှင်တို့ကို ရောထားတဲ့ ခံစားချက်မျိုး ရတယ်လို့ပြောထားကြပါတယ်။ သူတို့ပြောတာတကယ်ဟုတ်မဟုတ်ကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ ဒီရုပ်ရှင်ဟာ slow burn ရုပ်ရှင်တွေကို ကြည့်ရတာ နှစ်သက်သူတွေ အတွက် သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆို လိုက်ချင်ပါတယ်။ File size… (1.13 GB) / ( 698 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.13 GB | Download | |
| 1080p | 1.13 GB | Download | |
| 1080p | 1.13 GB | Download | |
| 1080p | 1.13 GB | Download | |
| 720p | 698 MB | Download | |
| 720p | 698 MB | Download | |
| 720p | 698 MB | Download | |
| 720p | 698 MB | Download | |
| 720p | 698 MB | Download |