
Jumanji (1995) မင်းသားကြီး၊ Good Will Hunting (1997) မှာ ဇာတ်ပို့မင်းသားဆု ရခဲ့သူ။ အကြီးမြတ်ဆုံး ဟာသသရုပ်ဆောင်ကြီး Robin Williams ကို အလွမ်းပြေ ကြည့်ရှုချင်ရင်ပဲဖြစ်ဖြစ်။ The Incredible Hulk (2008) ရဲ့ မင်းသားကြီး၊ မျက်လှည့်ဆရာကြီးအဖြစ် The Illusionist (2006) မှာ တွေ့မြင်ခဲ့ရသူ Edward Norton ကို ပေါက်စလေးအဖြစ် ပြန်ကြည့်ချင်ရင်ပဲဖြစ်ဖြစ်။ Catherine Keener ဆိုတဲ့ မင်းသမီးကြီးကို နုနုနယ်နယ် ပြန်မြင်ချင်ရင်ပဲဖြစ်ဖြစ် ဟောဒီဇာတ်ကားကို ရွေးချယ်သင့်ပါတယ်။ ဇာတ်လမ်းကတော့ ဟာသ နဲ့ ဇာတ်ကြမ်း ရောယှက်ထားတာဖြစ်ပြီး ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ နောက်ကွယ်ကို တစ်ဝကြီး မြင်တွေ့ကြရမှာပါ။ ရိန်းဘိုးရန်းဒေါ့ဖ် ဆိုတဲ့ တင်ဆက်သူကြီး ငွေအလွဲသုံးစားမှုနဲ့ ဖမ်းခံရ၊ အလုပ်ပြုတ်၊ နေစရာမရှိ ဒုက္ခရောက်နေစဉ်မှာ သူ့နေရာကို မထင်မရှား စမူချီ ကြံ့ကြီးတစ်ဖြစ်လဲ ရှယ်လ်ဒွန် မော့ပ်စ် ကို ဇွတ်အတင်း ဆွဲထည့်လိုက်ရပါတယ်။ ဒီလိုနဲ့ အောင်မြင်လာတဲ့ စမူချီ ကို ရန်းဒေါ့ဖ် တစ်ယောက် နည်းနည်းလေးမှ မကျေနပ်လို့ ခဏခဏ အကွက်ဆင် ချောက်ချနေခဲ့တယ်။ ဒီလိုပဲ ကလေးကြိုက်ရုပ်သံလိုင်းတွေရဲ့ ဝိသမလောဘကို မကြိုက်တဲ့ စမူချီ ရဲ့ ဝင်ငွေထိခိုက်အောင် လုပ်ဆောင်မှုတွေ မကြိုက်တော့တဲ့ ရုပ်သံလိုင်းစပွန်ဆာတွေကလည်း စမူချီ ကို မကျေနပ်တော့ပါ။ ဒီလိုနဲ့ နှစ်ဖက်စလုံးက စမူချီ ကို အသေသတ်ဖို့ ကြိုးစားလာတဲ့အခါ Death to Smoochy (2002) ဇာတ်လမ်း ဖြစ်တည်လာပါတယ်။ Rating 6.3 မလို့ ရွေးချယ်ထိုက်တဲ့ဇာတ်လမ်းဖြစ်ပေမဲ့ Box Office မှာတော့ ခွက်ခွက်လန်ရှုံးတဲ့ huge bomb of BO ပါနော်။ ဒါပေမဲ့ နွေပူပူမှာ မိသားစုနဲ့အတူ တဝါးဝါး ဝဟားဟားကြည့်ပြီး အပူဒဏ်ကို မေ့နိုင်မှာမလို့ ကြည့်ရှုသင့်ပါတယ်ခင်ဗျာ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Arr Khun Winchester ပါ ) File Size__(3GB) / (1.5GB) Quality__WEB-DL_1080p, 720p IMDb Rating__/10 Format__mp4 Duration__01:50:00 Type__Comedy, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 3 GB | Download | |
| 720p | 1.5 GB | Download | |
| 1080p | 3 GB | Download | |
| 720p | 1.5 GB | Download |