
Deadline (2024) ****************** Disaster ဇာတ်လမ်း အမျိုးအစားတွေကို ကြိုက်နှစ်သက်ပြီး ဖြစ်ရပ်မှန်ပေါ် အခြေခံထားတဲ့ ဇာတ်ကားကောင်း တစ်ကားကိုလည်း ရှာနေတယ်ဆိုရင်တော့ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားလေးက ပရိသတ်ကြီးအတွက်ပါပဲ။ အားအပြင်းဆုံး မုန်တိုင်းအဖြစ်နဲ့ ကိုရီးယားကျွန်းဆွယ်ကို ဝင်ရောက်လာခဲ့ပြီး ဖိုဟန်မြို့ကို လွင်တီးခေါင်ဖြစ်အောင် မွှေနှောက်ခဲ့တဲ့ “ဟင်နမ်နို”တိုင်ဖွန်းကြောင့် ဖိုဟန်မြို့ရဲ့ သံမဏိ စက်ရုံ စက်ယန္တရား လည်ပတ်မှုဟာ ရပ်တန့်ဖို့ ဖြစ်လာခဲ့ပါတယ်။ စက်လည်ပတ်မှုကို အချိန်ကာလ တစ်ခုအထိ ရပ်တန့်ထားလိုက်မယ်ဆိုရင် နောက်ဆက်တွဲ အနေနဲ့ ဘီလီယံ ချီတဲ့ ဆုံးရှုံးနစ်နာမှုတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ်။ အကယ်၍ မရပ်တန့်ဘူး ဆိုရင်လည်း ပွက်ပွက်ဆူနေတဲ့ သံရည်ပူတွေနဲ့ အက်စစ်မိုးရေ ပေါင်းစပ်မိတဲ့အခါ မတွေးဝံ့စရာ ဘေးဒုက္ခကို ရင်ဆိုင်ရမှာပါ။ အားကောင်းလာတဲ့ မုန်တိုင်းကြားမှာ သံမဏိ စက်ရုံက စက်ယန္တရားတွေ အချိန်မီ ပြန်လည်ပတ်နိုင်မလားဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာ ဖြစ်လို့ တင်ဆက်ပေးလိုက်ပါရစေ။ သရုပ်ဆောင်တွေ အနေနဲ့ကတော့ Handsome Guys၊ The First Responders အစရှိတဲ့ ဇာတ်လမ်းတွေထဲက မင်းသမီး Gong Seung Yeonနဲ့ အတူ တခြား ဝါရင့် သရုပ်ဆောင် အများအပြား ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet မှ ရေးသားပေးထားပါတယ်။) File Size : 1.54GB/ 630MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:24:00 Genre : Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Treasure Htet, Hnin Wai Oo & Stary Encoded by Tiff
| Provider | Resolution | File Size | |
|---|---|---|---|
| WEB-DL 1080p | 1.54GB | Download | |
| WEB-DL 1080p | 1.54GB | Download | |
| WEB-DL 1080p | 1.54GB | Download | |
| WEB-DL 1080p | 1.54GB | Download | |
| WEB-DL 720p | 630MB | Download | |
| WEB-DL 720p | 630MB | Download | |
| WEB-DL 720p | 630MB | Download | |
| WEB-DL 720p | 630MB | Download | |
| WEB-DL 720p | 630MB | Download |