
IMDb Rating - 6.5/10 အခုအချိန် ကျွန်တော်တို့ လူငယ်တွေနဲ့ အိမ်က လူကြီးတွေကြားမှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပြပေးနေတဲ့ ဇာတ်ကားတစ်ကားကို မီးမောင်းထိုးပြပါ ဆို ဒီကားကို ညွှန်ရမှာပါပဲ။ Broken family က ဆယ်ကျော်သက်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက် နွေရာသီမှာ အဖေရှိရာ လိုက်သွားဖို့ စီစဉ်ထားပေမယ့် အစီအစဉ်တွေပျက်သွားခဲ့တယ်။ အတူနေရတဲ့ အမေကလည်း ကိုယ်သိပ်ကြိုက်တဲ့ heavy metal သီချင်းတွေကို အလကား နားဆူတဲ့ဟာတွေ ဆိုပြီး တော်ကီတွေပွားတယ်။ ဒီအချိန်မှာ ရွယ်တူသူငယ်ချင်းနှစ်ယောက် ဆီကလည်း သူတို့ရည်းစားတွေအကြောင်း လာကြွားတာခံရတယ်။ ဒါ့အပြင် အမေ့ရဲ့ နောင်ရည်းစားဖြစ်လာမယ့်သူက ကိုယ့်ကျောင်းက ဆရာ လာဖြစ်နေတဲ့ အခါ၊ အလုပ်တွေလိုက်လျှောက်ပေမယ့် ဘယ်အလုပ်ကမှ လက်မခံတဲ့အခါ။ ဒါတွေကို ဒန်နီရယ် ဘက်နိုးလ်တစ်ယောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းသွားမလဲ၊ သူကတကယ်ပဲ အများထင်သလို ခပ်ဆိုးဆိုးကောင်လေးတစ်ယောက်ဖြစ်နေပြီလား အမေဖြစ်သူ ဆူး ကရော သားဖြစ်သူအတွက် ဘယ်ချိန်ထိ နားလည်မှုပေးနိုင်မလဲ ဆိုတာ စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ ကျွန်တော်တို့ရဲ့ လက်ရှိလူငယ်ဘဝကို ထင်ဟပ်စေတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ဘက်နိုးလ်နေရာမှာ ငါသာဖြစ်နေမယ်ဆိုရင်ရော ဘယ်လိုလုပ်မိမလဲ ဆိုပြီး တစ်လျှောက်လုံးတွေးနေမိစေမှာ အသေအချာပါပဲ။ Rating ကလည်း IMDb 6.5 ထိရရှိထားပြီး မင်းသားချော Eral Cave နဲ့ မင်းသမီးကြီး Monica Doaln တို့မှ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(700 MB) / (370 MB) Quality............Blu-Ray 1080p / 720p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Music Translator.......May Thet Khine Soe Encoder..........SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 700 MB | Download | |
| 720p | 370 MB | Download | |
| 1080p | 700 MB | Download | |
| 720p | 370 MB | Download |
ထုတ်လွှင့်သည့်နေ့
August 13, 2020
ကြာချိန်
1h 26m
အဆင့်သတ်မှတ်ချက်
5.9 / 10
Director
Simon Bird