
ဒီဇာတ်ကားလေးကတော့ လွန်ခဲ့တဲ့ ၃ နှစ်ကရိုက်ကူးခဲ့ပြီး ပရိတ်သတ်အားပေးမှုတစ်ခဲနက်ရရှိခဲ့တဲ့ Daddy's Home (2015) ရဲ့အဆက် Daddy's Home 2(2017) ပဲဖြစ်ပါတယ်... ဒီဇာတ်ကားအတွက် ဘတ်ဂျက် ၆၉သန်း ဒေါ်လာလောက်နဲ့ရိုက်ကူးခဲ့ပေမယ့် Box Office မယ် ဒေါ်လာသန်း ၁၈၀ကျော် လောက်ထိ ပြန်ရခဲ့တာမို့ အတော် လန်းလောက်မယ့် ကားလေးလို့ ခန့်မှန်းနိုင်ပါတယ်... ဇာတ်လမ်းအကျဉ်း ဘက်သွားရမယ်ဆိုရင်ဖြင့်... ဘရက် နဲ့ ဒက်တီဟာ မီဂန် ဒိုင်လန်ဆိုတဲ့ကလေးနှစ်ယောက်ကို တွဲဖက် အုပ်ထိန်းနေကြတဲ့ အုပ်ထိန်းသူ အမျိုးသားနှစ်ဦးဖြစ်ပါတယ်... ကလေးနှစ်ဦးဟာလည်း ဟိုအိမ် တလှည့် ဒီအိမ်တလှည့် စီနေရင်း အုပ်ထိန်းစောင့်ရှောက်ခံရတာပေါ့... ဘရက်နဲ့ ဒက်တီတို့နှစ်ဦးမှာလည်း ဇနီးမယားကိုယ်စီရှိကြပါသေးတယ်... တစ်နေ့ ဒီဖခင်နှစ်ဦး ဟာ မီဂန်အတွက် ကျောင်းပြဇာတ်ကို လိုက်သွားခဲ့ရာမှ သူတို့ကလေးဟာ ဒီလိုအိမ်နှစ်လုံးမှာ တလှည့်စီနေထိုင်ရတာ မပျော်မရွှင်ဖြစ်နေကြောင်း သိလာရပါတယ်... ဒါကြောင့်ပဲ ... ခုနှစ် ခရစ်စမတ်ပွဲကိုတော့ ခါတိုင်းလို သီးခြားခွဲမလုပ်ကြဘူး... တစ်ပေါင်းတစ်စည်းတည်း လုပ်ပေးရင်း ကလေးအတွက် စိတ်ဖြေရာခရစ်စမတ်ပွဲလေး လုပ်ပေးကြမယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်... အဲ့ဒီလို ဆုံးဖြတ်ပြီးလို့မှမကြာသေး အဖေနှစ်ယောက်တည်းက တစ်ယောက်ဖြစ်တဲ့ ဘရက်ဆီကို ဖုန်းဝင်လာပါတယ်... ဒက်တီရဲ့ အဖေ ဖိုးဖိုး ကတ်ထ် က ခရစ်စမတ်မှာ ဘရက်တို့နဲ့လာနေမယ်တဲ့... အလားတူပဲ နောက်အဖေတစ်ယောက်ဖြစ်တဲ့ ဘရက်ရဲ့ အဖေ ဖိုးဖိုး ဒွန်ကလည်း ခရစ်စမတ်ကို သူသားအိမ်မှာလာကျင်းပမယ်ဆိုပဲ.... အဖေ လေးယောက်သား စတွေ့ကတည်းက...တစ်ဦးနဲ့ တစ်ဦးအမြင်မကြည်ဖြစ်လာကြပြီး... ကလေးတွေနဲ့ ဖခင်လေးဦးသား ခရစ်စမတ်ကို ဘယ်လိုတွေများ ဖြတ်သန်းကြမယ်ဆိုတာ... ပရိသတ်ကြီးတို့ ပျော်ရွှင်ရယ်မော ဖွယ်ရှုစားလိုက်ကြပါဦး... File Size : (902 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre :Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-BLOW Translated by Lex Luthor Encoded by Thanhtike Zaw
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
November 9, 2017
ကြာချိန်
1h 40m
အဆင့်သတ်မှတ်ချက်
6.3 / 10
Director
Sean Anders