
IMDb - 6.5/10 ဒီDocumentaryဟာ ၂၀၁၉ တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အကြီးကျယ်ဆုံး ဆိုက်ဘာပြစ်မှုတွေထဲက၂ခုအကြောင်း ဖြစ်ရပ်မှန်တွေကို ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်၊ ITခေတ် ဖြစ်တာနဲ့အညီ နည်းပညာနဲ့ ကျွမ်းဝင်သူတွေ များသလို ဒီနည်းပညာကိုသုံးပြီး မသိနားမလည်သူတွေအပေါ် ကျူးလွန်လာတဲ့ဆိုက်ဘာပြစ်မှုတွေက တစ်နေ့တခြား များလာသလို နည်းလမ်းတွေလည်း ပိုစုံလာပါတယ်၊ ဒီ Documentary မှာဆိုရင် နည်းပညာကိုအသုံးချပြီး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် စီးပွားရှာသွားသူတွေအကြောင်း မြင်တွေ့ရမှာပါ။ ဘယ်လိုပုံစံမျိုး ကျူးလွန်သွားမလဲဆိုတာ အညွှန်းထဲရေးတာထက် ကိုယ်တိုင်ကြည့်လိုက်တာက ပိုပြီးအဆင်ပြေပါတယ်၊ ဒီနေ့ခေတ်မှာ လူတိုင်းကြုံတွေ့နေရတဲ့ အခက်အခဲတစ်ခုကိုပဲချနင်းပြီး ငွေသန်းချီ ရှာသွားခဲ့ကြတာတွေ၊ သူတို့ရဲ့ကျော့ကွင်းထဲ သက်ဆင်းသွားတဲ့ မိန်းမပျိုတွေ ဘယ်လောက်ထိ ထိခိုက်နစ်နာခဲ့ရလဲ ဆိုတာတွေကို မြင်တွေ့ရမှာပါ၊ နစ်နာသူ မိန်းကလေးတွေထဲမှာ အသက်မပြည့်သေးသူတွေပါ ပါဝင်နေတာက အတော်ကို ဆိုးပါတယ်၊ မြန်မာနိုင်ငံမှာလည်း လိင်ထိပါးစော်ကားမှုအဖြစ်အပျက်တွေ မကြာခဏဆိုသလို မြင်တွေ့နေရချိန် ဒီ Docuကို ကြည့်ပြီး ရှောင်သင့်၊ ဆောင်သင့်တာတွေ သိသွားနိုင်ဖို့ မျှော်လင့်ပါတယ်၊ ဘယ်သူတွေ ကြည့်သင့်လဲဆိုရင်တော့ ကျား၊ မ မဟူ ဘယ်သူမဆို ကြည့်သင့်ပါတယ်၊ လိင်မုဆိုးတွေ ဘနဖူးသိုက်တူးသူတွေက ကျား၊ မ ရွေးနေမှာ မဟုတ်လို့ပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Crime, Documentary Quality….1080p | 720p| 480p File size…1.4GB | 546MB | 275MB Format…mp4 Duration…. 1h 45min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August