
တစ်ကမ္ဘာလုံး ဟိုးလေးတကျော်ဖြစ်သွားစေမယ့် သတင်းတစ်ပုဒ် လိုင်းပေါ်တက်လာခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နာမည်ကြီးတိုက်စစ်ကစားသမားကြီးဖြစ်သလို ကမ္ဘာ့လွှမ်းမိုးမှုအရှိဆုံး အားကစားသမားတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုက ဗြိတိန်နာမည်ကျော် ဂျာနယ်လစ်တစ်ဦးဖြစ်တဲ့ ပီးယာ့စ်မော်ဂန်နဲ့အတူအင်တာဗျူးတစ်ခု လုပ်ခဲ့ပြီး မန်ယူနိုက်တက်ရဲ့ လက်ရှိနည်းပြ အဲရစ်တန်ဟက်ဂ်၊ နည်းပြဟောင်းရန်းဂ်နစ်အပါအဝင် တချိန်ကအသင်းဖော်ဟောင်းဝိန်းရွန်းနီကိုပါ ဝေဖန်ခဲ့တယ်ဆိုတဲ့ topicက ဘောလုံးလောကတစ်ခုလုံး အုတ်အော်သောင်းတင်းဖြစ်သွားပြီး အဆိုပါအင်တာဗျူးက အစစ်အမှန်ပဲလား၊ မန်ယူနဲ့ စီရော်နယ်ဒိုခွာပြဲသွားပြီလားစသဖြင့် နောက်ဆက်တွဲ မေးခွန်းပေါင်းများစွာထွက်လာခဲ့ပါတယ်။ အခုဆိုရင်တော့ အဆိုပါအင်တာဗျူးရဲ့ ရုပ်သံဗီဒီယိုအပြည့်အစုံထွက်ရှိလာပါပြီ။ ဒီအင်တာဗျူးမှာ မန်ယူနိုက်တက်နဲ့ပတ်သက်တဲ့ကိစ္စတွေကို စီရော်နယ်ဒိုကိုယ်တိုင်ပဲ ဖောက်သည်ချခဲ့တာလား။ မန်ယူနိုက်တက်ရဲ့အတွင်းရေးက တကယ်ပဲရှုပ်ထွေးနေတာလား။ မီဒီယာတွေကပဲ လိုအပ်တာထက် ချဲ့ကားထားတာလား စသဖြင့် မေးခွန်းတွေရဲ့အဖြေတွေ တစ်ခါတည်းပါလာမှာပါ။ သေချာတာတစ်ခုက ဒီအင်တာဗျူးကြောင့် မန်ယူနိုက်တက်နဲ့ စီရော်နယ်ဒိုရဲ့ အနာဂတ် မရေရာတော့သလို ဘောလုံးပရိသတ်တွေကြားမှာပါ ဂိုဏ်းဂဏတွေ ကွဲကုန်တဲ့အထိ သက်ရောက်မှု ကြီးသွားခဲ့ပါပြီ။ အင်တာဗျူးက ၂ ပိုင်းရှိတာဖြစ်ပြီး 2 ပိုင်းလုံးကို တင်ဆက်လိုက်ပါပြီ။ File size…Part-1 & Part-2 Quality….HDRip 1080p and 720p Format…mp4 Duration….01:30:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thaung Htike Zaw & Min Khant Bo