
Rating 7.6 အထိရရှိထားတဲ့ အကောင်းဆုံးစာရင်းဝင် ရုပ်ရှင်ကားတစ်ကားလို့တောင် ပြောချင်ပါတယ်... ၁၉၇၆ခုနှစ်ကတည်းက စတင်ခဲ့တဲ့ မင်းသားကြီး စတားလုံးရဲ့Rocky ဆိုတဲ့ လက်ဝှေ့ကားတွေဟာ ဆယ်စုနှစ်များစွာကြာညောင်းခဲ့ပေမဲ့ အခုချိန်ထိ အောင်မြင်စွာရှင်သန်နေဆဲပါ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကြောင့် ဇာတ်ကားတိုင်းဟာလည်း rating မြင့်မားလှပါတယ် ၂၀၁၅မှာ creed ဆိုပြီး ရော့ကီရဲ့တပည့်ကို မိတ်ဆက်ပေးခဲ့ပါတယ် အဲဒီဇာတ်ကားလေးကလည်း ဆုတံဆိပ်များစွာနဲ့အတူ ပရိသတ်တွေရဲ့သဘောကျနှစ်ခြိုက်မှုကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ် ၂၀၁၈ခုနှစ်မှာတော့ Creed 2 ကို ပရိတ်သတ်တွေဆီ ပို့ဆောင်ပေးခဲ့ပြန်ပါတယ် အရင်ကားတွေအတိုင်းပါပဲ စွဲဆောင်မှုရှိရှိနဲ့ ပရိသတ်ကို ဖမ်းစားခဲ့ပြန်ပါတယ် ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံတစ်ယောက်ရဲ့ရွှေခါးပတ်ကို ရရှိဖို့ဆိုတာ မလွယ်ကူသလို ထိန်းသိမ်းဖို့ဆိုတာလည်း သိပ်ကိုခက်ခဲပါတယ် ဒီဇာတ်ကားထဲမှာ ချန်ပီယံဘွဲ့ကို ထိန်းသိမ်းရတဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ဘဝကို ကိုယ်ချင်းစာမိသွားအောင် ရိုက်ပြထားပါတယ် ဝါသနာကြောင့် လုပ်နေပေမယ့် နာကျင်မှုကို လူတိုင်း ကြောက်ပါတယ် ဒါ့အပြင် အချိန်မရွေး ကြိုးဝိုင်းထဲမှာ အသက်ဆုံးရှုံးသွားနိုင်ပါသေးတယ် လက်ဝှေ့ရဲ့သဘောတရားကိုက သူတစ်ပါးကိုနာကျင်အောင်လုပ်ရတာပါ သူတစ်ပါးကို နာကျင်စေချင်ရင်တော့ ကိုယ်ကိုတိုင်လည်းနာကျင်မှုကို ကြောက်နေလို့မဖြစ်ပါဘူး နာကျင်မှုကို ပိုပြီးခံနိုင်ရည်ရှိတဲ့သူက ရေရှည်မှာ ပိုပြီးအနိုင်ရဖို့များပါတယ် အောင်မြင်မှုရဲ့ အရသာဟာ နာကျင်မှုတွေကို စက္ကန့်ပိုင်းအတွင်းပျောက်အောင်ကုစားနိုင်တယ်ဆိုတဲ့ ရသကိုအပြည့်အဝပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ကြည့်လို့ကောင်းမယ်ဆိုတာ ရဲရဲကြီးအာမခံပါတယ်... File Size : ( 1 GB) Quality : WEB-DL 720p Running Time :2hr 10min Format : Mp4 Genre :Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by Neve & Mg King Encoded by May Pyae Sone Oo
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | 1 GB | Download |