
Cream of the Crop (2022) =================== IMDb Rating – 5.7/10 ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ “Cream of the Crop”ဆိုတဲ့ ရယ်လည်းရယ်ရ စိတ်လည်းပျော်ရတဲ့ Drama ကားလေးပဲဖြစ်ပါတယ်။ လူတွေဟာ ကိုယ်တကယ်ချစ်တဲ့သူအတွက်ဆိုရင် သူ့မိသားစုက ကိုယ့်ကို လက်ခံပေးလာအောင်၊အကောင်းမြင်ခံရအောင် ကြိုးစားလေ့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ဇာတ်လိုက် မိုက်ခ်ဂျဲရက်ဒ်ရဲ့ Crushလေးဂျိုဒီတို့မိသားစုဟာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို လက်ဆင့်ကမ်းလာကြသူတွေပါ။ မိုက်ခ်က တော့ စိုက်ပျိုးမွေးမြူရေးအကြောင်း နကန်းတစ်လုံးမှမသိတဲ့ မြို့သားပေါ့။ မိုက်ခ်ဟာ ကောင်မလေးရဲ့မိသားစုတွေနဲ့ တွေ့ရတိုင်း ယောက္ခမလောင်းတွေနဲ့ ယောက်ဖလောင်း ရှေ့မှာ အလွဲတွေချည်းလုပ်မိသူလေးပါ။ ဒါပေမဲ့ သူ့ခမျာ အမြင်ကြည်ခံရအောင် စိုက်ပျိုးမွေးမြူရေးအလုပ်တွေကို အားတက်သရော ကူပေးရှာပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့အချစ်လမ်းခရီးဟာ တတိယလူပေါ်လာလိုက်၊ မိသားစုအနှောင့်အယှက်တွေပေါ်လာလိုက်နဲ့ အတော်လေးကိုးလို့ကန့်လန့် နိုင်ပါတယ်။ အဲတော့ မိုက်ခ်နဲ့ ဂျိုဒီတို့ အဲလိုအခြေအနေတွေကို ဘယ်လို ကျော်ဖြတ်မလဲ၊ ဘယ်လိုညှိယူကြမလဲ၊ မိသားစုအသိုင်းအဝိုင်းမတူတဲ့ သူတို့ရဲ့လမ်းခရီးအဆုံးသတ်ကရော ပျော်စရာဇာတ်သိမ်းဖြစ်ပါ့မလားဆို တာကို ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.8 GB) / (784 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 32Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM