
ဒီတစ်ခေါက်မှာတော့ IMDB 7.1/10 ရရှိထားတဲ့ ဟန်ဂေရီ Action/Drama ကားလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မီရှီက တွေဝေတတ်ပြီး လုပ်သမျှအဆင်မပြေတဲ့ လူငယ်လေးတစ်ယောက်ပါ။ ချစ်သူနဲ့ ဘဝတစ်ခု တည်ဆောက်ဖို့ ကြိုးစားရာမှာ အဆင်မပြေတာတွေကြုံခဲ့ရပြီး ဘဝကို စိတ်ပျက်လက်ပျက်ဖြစ်နေချိန်မှာပဲ ဆုံးပါးသွားတဲ့ အဘိုးဖြစ်သူက ဟန်ဂေရီက တူစကိုဆိုတဲ့မြို့လေးက သူပိုင်တဲ့အိမ်နဲ့ မြေကို သူ့ကိုအမွေပေးခဲ့တာကြောင့် သူက အမွေဆက်ခံရဖို့ ဖြစ်လာပါတော့တယ်။ လက်ရှိနေနေတဲ့မြို့ကြီးကနေ မြို့ငယ်လေးက အမွေရတဲ့ အိမ်လေးကို သွားပြီး ချစ်သူနဲ့ အေးအေးဆေးဆေးနေဖို့ အိမ်ကို ပြင်ဆောက်ဖို့ ကြိုးစားခဲ့ပေမဲ့ မထင်ထားတဲ့ အန္တရာယ်တွေက သူတို့ကို ဆီးကြိုနေခဲ့ပါတော့တယ်။ အဲဒါကတော့ မြို့က အာဏာရှိတဲ့လူကြီး ပါလ်ဆိုအီကာလ်က သူ့ကို မြေရောင်းဖို့ အတင်းအကျပ် ဖိအားပေးခဲ့တာပါပဲ။ သူ့အဘိုးရဲ့အမွေအနှစ်မို့ အဆုံးစွန်ထိ ကာကွယ်ဖို့ ကြိုးစားပေမဲ့ လူပျော့လူညံ့လေးဖြစ်သူ မီရှီတစ်ယောက် မြို့ခံအာဏာရှိသူ ပါလ်ဆိုအီကာလ်နဲ့ ယှဉ်ပြိုင်ပြီး သူ့ရဲ့အိမ်နဲ့ခြံလေးကို ကာကွယ်ပေးနိုင်ပါ့မလား ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(2.04 GB)/(1.04 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:06:00 Genre…Action, Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily