
ဒီ coward hero ဆိုတဲ့ဇာတ်ကားလေးက Dramaတွေ ဟာသတွေအပြည့်နဲ့ ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ရှန့်ဟိုင်မြို့ရဲ့ 1930 ပတ်ဝန်းကျင်လောက်က လူဆိုးဂိုဏ်းအဖွဲ့ဝင် ယန်သဟိုင်(မင်းသား)ဆိုတဲ့ ငကြောက်လေးတစ်ယောက်ကနေ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ် ယန်သဟိုင်မှာ တိတ်တခိုးချစ်နေရတဲ့ သုချင်း(မင်းသမီး) အကမယ်လေးတစ်ယောက်ရှိပါတယ် ယန်သဟိုင်က သူ့ဘဝလေးကိုအေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေချိန်မှာပဲ သူ့မှာကုသလို့မရတော့တဲ့ရောဂါတစ်မျိုးရနေကြောင်း၊ သေတော့မှာဖြစ်ကြောင်းကိုသိလိုက်တဲ့အခါ သူချစ်ရတဲ့ကောင်မလေးအတွက် အကြွေးတွေပြန်ဆပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ် သူအကြွေးဆပ်ဖို့ ငွေရှာရင်းနဲ့ ကြက်ကန်းဆန်အိုးတိုးပြီး ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့တယ် ဒါပေမဲ့ ဘာမှတတ်ကျွမ်းမှုမရှိတဲ့လူတစ်ယောက်က ရဲအရာရှိတစ်ယောက်အနေနဲ့ အမှုတွေဘယ်လိုဖြေရှင်းကြမလဲ… ရဲအရာရှိဖြစ်သွားတာနဲ့အတူ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်နေလို့ ကြားထဲက ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ… သူအသက်ရှင်နေတုန်း သေရကျိုးနပ်အောင် ဘယ်လိုများ Drama Kingလုပ်မလဲ.. သူချစ်ရတဲ့မိန်းကလေးကို ဘယ်လိုပေးဆပ်ခဲ့မလဲဆိုတာကို နောက်ဆုံးအခန်းလေးထိကြည့်ရှုလိုက်ကြရအောင်နော်
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.74GB | Download | |
| 1080p | 1.74GB | Download | |
| 1080p | 1.74GB | Download | |
| 1080p | 1.74GB | Download | |
| 1080p | 1.74GB | Download | |
| 720p | 983MB | Download | |
| 720p | 983MB | Download | |
| 720p | 983MB | Download | |
| 720p | 983MB | Download |
ထုတ်လွှင့်သည့်နေ့
August 2, 2019
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
5.7 / 10
Director
Shu Huan