
Costao 2025 (ကော်စတောင်ဝ်) ယခုတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၁၉၉၀ခုနှစ်က ဖြစ်ခဲ့တဲ့ တရားမဝင်ရွှေသယ်မှုအကြောင်းကို ဖမ်းဆီးနိုင်ခဲ့တဲ့ အရာရှိတစ်ဦးအကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ပြသထားတာဖြစ်ပါတယ်။ လုံးဝသန့်စင်တဲ့ ရွှေဟာ တန်ဖိုးမဖြတ်နိုင်အောင် ဈေးကြီးပေမဲ့ သူ့ချည်းပဲဆိုရင် အသုံးမဝင်ဘဲ လက်ဝတ်ရတနာတွေပြုလုပ် ဖို့အတွက်ဆိုရင် တခြားပစ္စည်းတွေ ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ အရမ်းကို တန်ဖိုးမဖြတ်နိုင်ပေမဲ့ ကမ္ဘာကြီးအတွက် သိပ်အသုံးမဝင်တဲ့သူတစ်ယောက်ရှိပါတယ်။ သူကတော့ ကော်စတောင်ဝ်ပါပဲ။ သူဟာ ရာဇဝတ်မှုဆိုရင် လုံးဝကို သဘောမကျတဲ့သူတစ်ယောက်ပါ၊ ဒီအတွက်နဲ့ ရာဇဝတ်သားတွေကို လိုက်လံဖမ်းဆီးတတ်ပြီး သူ့လုပ်ရပ်အတွက်လည်း ဆုတွေအများကြီးရခဲ့ပါတယ်။ ကော်စတောင်ဝ်ဖမ်းလိုက်တဲ့ ရာဇဝတ်သားဆိုရင် သတင်းစာခေါင်းကြီးပိုင်းမှာ ပါတဲ့အထိ ကော်စတောင်ဝ်တစ်ယောက် နာမည်ကြီးပါတယ်။ သူဟာ ဆုအတွက်နဲ့ ရာဇဝတ်သားတွေကို လိုက်လံဖမ်းဆီးနေတာမဟုတ်ဘဲ သူ့အတွက်သူ ဖမ်းတာလို့လည်း ပြောတတ်ပါသေးတယ်။ ဒီလိုနဲ့ သူတာဝန်ကျတဲ့နယ်မြေအတွင်းမှာ တရားမဝင်ရွှေသယ်ဖို့ ကြိုးစားကြတဲ့သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ စုံစမ်းဖော်ထုတ်ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)