
IMDb Rating - 6.6/10 "စကားအချေအတင်ပြောတယ် ဆိုတာ တီးလုံးမပါဘဲ rap ရွတ်ရသလိုပါပဲ" မူရင်း ပြင်သစ်ရုပ်ရှင်ကို ဂျာမနီက ပြန်လည်ရိုက်ကူးထားသော ဇာတ်ကား ဖြစ်တဲ့ "Contra" ဟာ နေ့စဉ်နဲ့အမျှဖြစ်လေ့ရှိတဲ့ ငြင်းခုံမှုတွေ လူမျိုးရေး၊ ဘာသာရေး ခွဲခြားခံရမှုတွေကို မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားကောင်း လေး တစ်ကားဖြစ်ပါတယ်။ ဂျာမနီမှာ နေထိုင်တဲ့ အာရပ်သူလေး နာအီမာ က ရှေ့နေမမ ဖြစ်ချင်တဲ့ အိပ်မက်နဲ့ ကြိုးစားရုန်းကန်နေရတဲ့သူ တစ်ဦးဖြစ်တယ်။ တက္ကသိုလ် စတက်တဲ့နေ့မှာပဲ အတန်းချိန်နောက်ကျသွားတဲ့အတွက် ဆရာဖြစ်သူ ပါမောက္ခ ပိုးလ် ရဲ့ လူမျိုးရေး ခွဲခြားတာ ခံလိုက်ရတာပေါ့။ အဲတာကို တစ်ခြား အတန်းဖော်တွေက ဗီဒီယိုရိုက်ပြီး အင်တာနက်မှာ ဖြန့်ပ လိုက်တော့ ဆရာ ပိုးလ်မှာ အလုပ်ပြုတ်မလိုတောင်ဖြစ်သွားရော။ နာအီမာ ကလည်း အလုပ်သင်ဆင်းချင်တဲ့အတွက် စကားရည်လု ပြိုင်ပွဲပြိုင်ဖို့ လေ့လာနေတာဆိုတော့ နာအီမာကို အနီးကပ်သင်ကြား ပေးဖို့အတွက် ဆရာ ပိုးလ် ကို ကျောင်းအုပ်က တာဝန်ပေးလိုက်တယ်။ လူမျိုးရေးခွဲခြားသူ ဖြစ်တဲ့ ဆရာ ပိုးလ် နဲ့ တပည့်မလေး နာအီမာ တို့ကြားမှာ ဘယ်လိုဆက်ဖြစ်မလဲ နာအီမာရော သူမရဲ့ အိပ်မက်ကို အခက်အခဲတွေကြားက ဘယ်လိုအကောင်အထည်ဆက်ဖော်မလဲ ဆိုတာ CM ပရိတ်သတ်ကြီး ဆက်ပြီး ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size - (1.3 GB) / (619 MB) / (408 MB) Quality – Blu-Ray 1080p/ 720p / 480p Duration - 1Hr 48mins Subtitle – Myanmar Hardsub Format – MP4 Genre : Comedy, Drama Translator – Khant Sett Naing Encoder – SWM
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3 GB | Download | |
| 720p | 619 MB | Download |