
DC Fanတိုင်း ကိုစံသိန်းရယ်လို့ ချစ်စနိုးခေါ်ကြတဲ့ John Constantine ရဲ့ Animation ဇာတ်လမ်းတစ်ပုဒ် ထွက်လာပါပြီ၊ ဇာတ်အိမ်ကတော့ Justice Dark : Apokolips Warအပြီးကို တည်ထားတာပါ၊ Runtime က မိနစ်၃၀ လောက်ပဲရှိလို့ ဇာတ်လမ်းတိုလို့ပြောလို့ရပါတယ်၊ ကမ္ဘာပျက်စစ်ပွဲကြီး အပြီး စစ်လည်းနိုင်သလို Justice League Member တွေနဲ့ ကမ္ဘာကြီး ကိုယ်တိုင် ဆုံးရှုံးမှုတွေ အများကြီးကြုံလိုက်ရပါတယ်၊ ကမ္ဘာကြီးလည်း ပျက်စီးမှုဒဏ် ကြောင့် အဆုံးသတ်လုဆဲဖြစ်လာပါပြီ။ ဒါကြောင့် ဂျွန်ကွန်စတန်တင်းက ဖလက်ရှ်ရဲ့အလျင်နဲ့ ဖလက်ရှ်ပွိုင့်ဖန်တီးပြီး ဒီဖြစ်စဉ်တွေလုံးဝမဖြစ်ခဲ့သလို အတိတ်ကိုပြင်ဆင်ဖို့ အကြံထုတ်ခဲ့ပါတယ်၊ ဒါပေမဲ့ အဲဒီလို ပြင်ဆင်စဉ်မှာ ရုတ်တရက် ပဟေဠိဆန်ဆန် စံအိမ်ကြီးထဲကို ရောက်သွားပါတယ်၊ အိမ်ထဲမှာ ဂျွန်ချစ်ရတဲ့ ဇီနဲ့ သေပြီးသားသူ့မိတ်ဆွေတွေ ရှိနေတာပါ၊ ဒါပေမဲ့ သူတို့က လူစင်စစ်မဟုတ်ဘဲ မကောင်းဆိုးဝါး ဖြစ်နေပြီး ဂျွန်ကို ဝိုင်းသတ်လိုက်ကြပါတယ်။ ဒါပေမဲ့ ဂျွန်က သေသွားတယ်လို့မရှိဘဲ ဒီအိမ်ထဲမှာပဲ အချိန်စက်ဝန်းကျော့နေ သလို ပြန်ရှင်လာလိုက်၊ အသတ်ခံရလိုက်နဲ့ ကြက်ဥနဲ့ ကြက်မ ဘယ်ကစသလဲ ဆိုသလို သံသရာလည်နေပါတယ်၊ ဒီလိုဖြစ်လာတဲ့နောက် ဂျွန်ကွန်စတန်တင်း လည်း သူ့ကိုဒီသံသရာစက်ဝန်းထဲ ထည့်ထားတာ ဘယ်သူလဲ၊ ဒီပဟေဠိစံအိမ် ထဲကနေ လွတ်အောင် ဘယ်လိုထွက်ပြေးရမလဲဆိုပြီး ကြံရပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်) File Size - (480 MB) Quality – Blu-Ray 1080p Duration - 30mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Animation Translator – JimX Encoder – SWM