
ဒီတစ်ခေါက်မှာတော့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ မင်းသားကြီး So Ji Sub ပါဝင်ထားတဲ့ Confession ဆိုတဲ့ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်း ... ယူမင်ဟိုဟာ IT ကုမ္ပဏီတစ်ရဲ့ ဥက္ကဌဖြစ်ပြီး ဟိုတယ်အခန်းထဲမှာ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့အမှုမှာ အမှုစစ်တွေရဲ့ သံသယရှိသူ လည်းဖြစ်ပါတယ်။ ဒီအမှုမှာ ယူမင်ဟိုဘက်က ခုခံချေပေပးဖို့ ရှေ့နေလုပ်သက်တစ်လျှောက်လုံး တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေယန်းရှင်းအယ်က ယူမင်ဟိုရဲ့ ရှေ့နေဖြစ်လာခဲ့ပါတယ်။ ဟိုတယ်ခန်းထဲမှာ အသတ်ခံရတဲ့ ဂင်ဆယ်ဟီးက ယူမင်ဟိုနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲ? ဒီလူသတ်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေရှိနေမလဲ? တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေက အမှုသည်ကို ဒီတစ်ခါကော ကယ်တင်ပေးနိုင်ဦးမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုခံစားလိုက်ကြရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။) File Size : 1.5GB, 473MB, 234MB Quality : 1080p WEB-DL, 720p WEB-DL, 480p Format : mp4 Duration : 1hr 45mins Genre : Crime, Mystery, Thriller Translated by Estel & Miri Encoded by Kinnov