
IMDb 7.4/10 နဲ့ RT 93% အထိတောင် ရရှိထားတဲ့ စိတ်ဝင်စားဖို့လည်းကောင်း ဗဟုသုတလည်း ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆုအတွက်လည်း ဆန်ကာတင် ပူပူနွေးနွေး ဝင်သွားပါပြီ။ ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါး ပျံလွန်တော်မူသွားတဲ့အခါ နောက်ထပ် ပုပ်ရဟန်းမင်းကြီးတစ်ပါး တင်မြှောက်ဖို့ ပြုလုပ်ရတဲ့ သီးသန့်ဆွေးနွေးပွဲ သို့မဟုတ် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်တင်မြှောက်ပွဲကို အသေးစိတ်အဆင့်ဆင့် ရိုက်ပြထားပါတယ်။ ဒီရွေးကောက်တင်မြှောက်ပွဲမှာ ဘုန်းတော်ကြီးတွေဟာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခု လုပ်ပြီး ပုပ်ရဟန်းမင်းကြီး တင်မြှောက်ဖို့အတွက် မဲတွေပေးရပါတယ်။ မဲရဲ့ သုံးပုံနှစ်ပုံကို ရမှသာ ပုပ်ရဟန်းမင်းကြီး ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်မရမချင်း ပါဝင်ရွေးကောက်ခံတဲ့ ဘုန်းတော်ကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေဟာ ထပ်ခါတလဲလဲ မဲပြန်ပေးရပါတယ်။ မဲအဆုံးအဖြတ်မပေါ်မချင်း သူတို့ဟာ ဒီတံခါးပိတ်ဆွေးနွေးပွဲကနေ ထွက်ခွင့်မရပါဘူး။ ဒီဇာတ်လမ်းမှာလည်း ဒီလိုပဲ ပုပ်ရဟန်းမင်းကြီးအသစ်တင်မြှောက်ဖို့ တံခါးပိတ်သီးသန့်ဆွေးနွေးပွဲ လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ သဘောထားကွဲလွဲမှုတွေ ပြဿနာတွေ အမျိုးမျိုး ပေါ်လာပြီး အဖြေမပေါ်တဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာတွေကို ဆွေးနွေးပွဲဦးဆောင်သူ ဘုန်းတော်ကြီး သောမတ်စ်က ဘယ်လိုတွေ အဖြေရှာ ဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်ရမှာမလို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size… (3.48) / (996MB) / (562MB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Act Molemy
| Provider | Resolution | File Size | |
|---|---|---|---|
| 4K | Download | ||
| 1080p | 996MB | Download | |
| 1080p | 996MB | Download | |
| 1080p | 996MB | Download | |
| 1080p | 996MB | Download | |
| 720p | 562MB | Download | |
| 720p | 562MB | Download | |
| 720p | 562MB | Download | |
| 720p | 562MB | Download | |
| 720p | 562MB | Download |