
"ကိုယ့်ရဲ့အစ်ကိုဖြစ်သူ ဒါမှမဟုတ် ညီမဖြစ်သူနဲ့ လူတစ်ယောက်တည်းကို သဘောကျမိရင်" ဆိုတဲ့ အတွေးမျိုးတွေးမိကြဖူးလား။ ကယ်ရလာဆိုတဲ့နေရာမှာနေထိုင်ကြတဲ့ ယဉ်ကျေးမှုရိုးရာကို အလွန်လေးစားတန်ဖိုးထားကြတဲ့ မိသားစုရဲ့ မျိုးဆက်အငယ်လေးတွေဖြစ်တဲ့ မောင်နှမနှစ်ယောက်။ စာရေးဆရာဖြစ်ချင်တဲ့ တနေးနဲ့ ဟော့ကီကစားသမားတစ်ယောက်ဖြစ်ချင်တဲ့ အနူဂျာတို့ဟာ အိပ်မက်တွေမတူကြသလို ခံယူချက် မျှော်လင့်ချက်တို့မတူကြပါဘဲ သူတို့အိမ်မှာ လာငှားနေတဲ့လူတစ်ယောက်တည်းကိုပဲ ချစ်မိသွားခဲ့ကြတာပါ။ ဒီကိစ္စကိုသိသွားတဲ့ သူတို့ရဲ့ မိသားစုကရော ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုဖြေရှင်းမလဲ...သူတို့နှစ်ယောက် ဘာတွေဆက်ဖြစ်ကြမလဲ.... ဘဝနဲ့အချစ်ယှဉ်လာတဲ့အခါ မေတ္တာတရားကို ဘယ်လိုတန်ဖိုးဖြတ်ကြမလဲ ဆိုတာကို သပ်ရပ်ရှင်းလင်းတဲ့ရိုက်ကွက်တွေနဲ့ ချပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။ LGBTQတို့ရဲ့ လက်တွေ့ဘဝကို အကောင်းဆုံး ချပြထားတဲ့ "Cobalt Blue"ဆိုတဲ့ ဒီဇာတ်လမ်းလေး။ အပြာရောင်ဆိုတာကတော့ ဝမ်းနည်းကြေကွဲခြင်းကို ဖော်ပြတဲ့အရောင်ဖြစ်သလို ဒီဇာတ်လမ်းလေးဟာလည်း နှလုံးသားတွေကွဲကြေရတဲ့ မောင်နှမနှစ်ယောက်ကြားထဲက ခံစားချက်တွေကို ဖော်ပြနေတာများဖြစ်နေမလား။ "ချစ်မိတဲ့အချိန်ကျရင် သိလာပါလိမ့်မယ်။ အချစ်က မင်းကို သန်မာလာအောင် လုပ်ပေးနိုင်တယ်"တဲ့။ IMDb 8.1အထိရရှိထားပြီး 2021 Decemberကမှထွက်ထားကာ Sachin Kundalkarရဲ့ ဝတ္ထုကိုပြန်ရိုက်ထားတဲ့ Cobalt Blue(ကိုဘော့ပြာရောင်)ဆိုတဲ့ အိန္ဒိယကားလေးဖြစ်ပါတယ်။ အားပေးကြည့်ရှုလိုက်ပါဉီးနော်။ File size…1.6GB / 800MB Quality…1080p NF WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko & Shwe Pyae & Yate
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.6GB | Download | |
| 720p | 800MB | Download | |
| 1080p | 1.6GB | Download | |
| 720p | 800MB | Download |