
ဒီတစ်ခါမှာတော့ IMDb မှာ 6.7 ရရှိထားပြီး Rotten Tomatoes မှာ 91% အထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးသွားမှာပါ ဒီဇာတ်ကားလေးကတော့ 1976ခုနစ် ချီလီနိုင်ငံကို ဗိုလ်ချုပ် Augusto Pinochet က အာဏာသိမ်းပြီး 3နှစ်အကြာ စစ်အာဏာရှင်စနစ်နဲ့ အုပ်စိုးနေတဲ့ အချိန်ကို ဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် ကာမန်းဟာ အသက် ၅၀ အရွယ်ရှိပြီဖြစ်တဲ့ လူလတ်တန်းစားမိသားစုက အိမ်ရှင်မတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ အပန်းဖြေဖို့ အပန်းဖြေအိမ်ရှိရာ အရပ်ကို လာခဲ့ပါတယ် အဲ့ဒီမှာတော့ သူတို့ရဲ့ မိသားစု ဘုန်းကြီးတစ်ပါးဟာ ကာမန်းကို အကူအညီတစ်ခုတောင်းခဲ့ပါတယ် အဲ့ဒါကတော့ နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ခြေထောက်မှာ သေနတ်မှန်ထားတဲ့ လူငယ်တစ်ယောက်ကို စောင့်ရှောက်ပေးဖို့ပါပဲ ကာမန်းတစ်ယောက် ကြက်ခြေနီအဖွဲ့ဝင်ဟောင်းလည်းဖြစ်တာမလို့ လူငယ်လေးကို စောင့်ရှောက်ပေးဖို့ သဘောတူလိုက်ရာက အစိုးရက နိုင်ငံရေး လှုပ်ရှားသူတွေကို အင်အားသုံး ဖမ်းဆီးနေချိန် လူငယ်လေးကို လုံလုံခြုံခြုံ စောင့်ရှောက်ထားနိုင်မှာလား ဆိုတော့ကိုတော့ စောင့်ကြည့်ပေးကြပါဦးဗျာ….. File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban