
Chennai City Gangsters (2025) ချန်နိုင်းမှဇိုးများ ဒီတစ်ခါမှာတော့ ဇိုးတော့ဇိုး ဒါပေမဲ့ နွဲ့ဇိုးလေးတွေဖြစ်နေတဲ့ အလွဲသုံးဆယ်နဲ့ ချန်နိုင်းသား ဇိုးကလေးတွေအကြောင်းရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ ပါဆူပါသီဟာ သူခိုးကြမ်းပိုးလေးဖြစ်ပြီး ခိုးရာပါပစ္စည်းနဲ့ လက်ပူးလက်ကြပ်မိခါနီးမှာ ပန်ဒီနဲ့ပူချီဆိုတဲ့ ကောင်လေးနှစ်ယောက်ကြောင့် လက်မတင်လေး လွတ်သွားပါတယ်။ အဲဒါနဲ့ပဲ ဒီကလေးနှစ်ယောက် ငါနဲ့ကံစပ်တယ်ဆိုပြီး အိမ်မှာခေါ်ထားရင်းနဲ့ ပူဒီနဲ့ပန်ချီလည်း သူခိုးကြီးမွေးစားတော့ သူခိုးလေးတွေဖြစ်လာတာပေါ့။ တစ်နေ့မှာတော့ ပါဆူပါသီရဲ့အစ်ကိုကြီး ဆိုက်ကိုဆာလင်းက သူ့ရဲ့ ၅ ယောက်မြောက် စမောလေးကိုအမ်းဖို့ ငွေကြပ်နေလို့ သူ့အိမ်က ၂ ကုဋေထည့်ထားတဲ့ ငွေထုပ် ဓားပြတိုက်ခံရသလိုဟန်ဆောင်ပြီး အာမခံလိမ်ထုတ်ဖို့ကြံနေတာကို ပါဆူပါသီကို ခေါ်ပြောပါတော့တယ်။ အသက်ကြီးနေတဲ့ ပါဆူပါသီက သူကိုယ်တိုင်မလုပ်တော့ဘဲ သူ့ရဲ့လက်သစ်တပည့်ကျော်နှစ်ယောက်ဖြစ်တဲ့ ပန်ဒီနဲ့ပူချီကို တာဝန်ပေးလိုက်တော့တာပေါ့။ နဂိုထဲက နုံနုံအအဖြစ်နေတဲ့ ပူချီနဲ့ပန်ဒီတို့ ငွေထုပ်ကို အလွဲသုံးဆယ်နဲ့ခိုးလာပြီးမှ အရက်ဆိုင်ဝင်ထိုင်မှု အကြောင်းပြုပြီး ငွေထုပ်နဲ့အမှိုက်ထုပ် မှားကောက်လာမိတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ KKKZ ~ Zwe ~ Brian ~ Yunniတို့ပဲဖြစ်ပါတယ်)
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download | |
| 720p | 1.1 GB | Download |
ထုတ်လွှင့်သည့်နေ့
June 20, 2025
ကြာချိန်
2h 9m
အဆင့်သတ်မှတ်ချက်
5.4 / 10
Director
Vikram Rajeshwar