
IMDb rating - 6.6/10 Genre - Psychological Thriller, Family ကိုယ်လုပ်တာတွေကို အကုန်ပုံတူကူးချပြီး လိုက်လုပ်တတ်တဲ့ copycat သူငယ်ချင်းမိတ်ဆွေမျိုး ကြုံဖူးကြလား Copycatတွေက နေ့စဉ်ဘဝမှာဆိုရင် ဘေးနားကလူတွေကရဲ့ ဝတ်ပုံစားပုံတွေ အကျင့်တွေကအစ ပုံတူကူးချပြီးနေထိုင်တတ်ပါတယ်။ သို့ပေမဲ့ တခြားသူကျူးလွန်ထားတဲ့ လူသတ်မှုတွေကိုလိုက်ကြည့်ပြီး ပုံတူကူး လိုက်သတ်တတ်တဲ့ Copycat killer တစ်ယောက်ဆိုရင် ဘယ်လိုဖြစ်မလဲ... ဇာတ်လမ်းထဲမှာတော့ "ယမရှိရို ခဲအိဂေါ့"ဆိုတဲ့ Mangaစာရေးဆရာတစ်ယောက်က mangaဆွဲတာလည်း သေသပ်လှပပြီး ဖြတ်သွားဖြတ်လာလူတစ်ယောက်ရဲ့ပုံကိုတောင် ချက်ချင်းဆွဲနိုင်တဲ့ ပါရမီရှိတဲ့သူတစ်ယောက်ပါ။ ပြဿနာက သူရေးချင်တဲ့အမျိုးအစားက Thriller,Crimeဖြစ်ပြီး သူကိုယ်တိုင်ကတော့ သဘောကောင်းလွန်းတဲ့သူတစ်ယောက်ဖြစ်နေတာပါပဲ။ တော်ပေမဲ့အသက်ဝင်တဲ့ဇာတ်ကောင်ကိုမရေးဆွဲနိုင်တာကြောင့် ကိုယ်ပိုင်Mangaကို debutမလုပ်နိုင်သေးပါဘူး။ ဒီလိုနဲ့စိတ်ဓာတ်ကျပြီးအလုပ်ထွက်ဖို့ပြင်နေတုန်း သူ့ရဲ့ဆရာဖြစ်သူက စံအိမ်တစ်လုံးရဲ့ပုံကို ညဘက်ကြီးမှာ သွားဆွဲခိုင်းခဲ့ပါတယ်။ ပုံကြမ်းဆွဲနေတုန်း စံအိမ်ထဲကသီချင်းသံကအရမ်းကျယ်လို့ အိမ်နီးချင်းက ပြဿနာလှမ်းရှာတာကြောင့် သူပါအခြေအနေမဟန်မှာစိုးလို့ အိမ်ပိုင်ရှင်တွေကိုလှမ်းပြောဖို့လုပ်ပါတယ်။ ဒါပေမဲ့အထဲက တုံ့ပြန်သံမကြားတာနဲ့ အထဲဝင်သွားတဲ့အခါ အိမ်ရှင်တွေကို ဓားနဲ့ထိုးသတ်ခံထားရတာကိုတွေ့လိုက်ရပါတယ်။ သူ့ဘဝမှာပထမဆုံး အဖြစ်ပျက်ဆိုးနဲ့ကြုံရတာမို့ကြောက်လန့်နေခဲ့တုန်းမှာ လူသတ်သမားဖြစ်သူကိုမြင်လိုက်ရပါတယ်။ ဒါပေမဲ့ ရဲတွေကမေးလို့ထွက်ချက်ပေးတဲ့အခါမှာတော့ သူဟာ လူသတ်သမားကိုမမြင်ခဲ့ပါဘူးလို့ထွက်ဆိုခဲ့ပါတယ်။ အဲဒီကစလို့ စာရေးဆရာ ယမရှိရိုက ""Dagger"လို့ခေါ်တဲ့ဇာတ်ကောင်ကိုဖန်တီးပြီး " 34,Rising Sun"ဆိုတဲ့ Manga Seriesကိုရေးဆွဲပြီး လူကြိုက်များလာပါတယ်။ သူမျက်မြင်တွေ့ခဲ့ရတဲ့လူသတ်မှုအကြောင်းကို ပထမဆုံးဇာတ်လမ်းအဖြစ် ရေးထားတာပါ။ ဒါပေမဲ့ သူ့Mangaထဲက ဒုတိယဇာတ်လမ်းအတိုင်း လိုက်သတ်ထားတဲ့လူသတ်မှုတစ်ခုဖြစ်လာပါတယ်။ နေရာ သေတဲ့ပုံစံ၊လူသတ်လက်နက်ကိုထားတဲ့နေရာကအစ mangaထဲကအတိုင်းဖြစ်လာတာမို့ ရဲတွေကလည်းသူ့ကိုနောက်တစ်ကြိမ်ထပ်မံစစ်ဆေးပါတယ်။ ဒါပေမဲ့ တရားခံက mangaဆရာမဖြစ်နိုင်တဲ့အခါ... စီရင်စုရဲတွေ လူသတ်သမားကို ဘယ်သူလို့ယူဆပြီး ဆက်စပ်စုံစမ်းကြမလဲ လူသတ်သမားက မိသားစုဝင်၄ဦးရှိတဲ့မိသားစုတွေကိုမှ ဘာလို့ရွေးသတ်ရတာလဲ ကိုယ်ပိုင်identityမရှိတဲ့သူတစ်ယောက် သူများရဲ့characterကိုပုံတူကူးချပြီးနေတတ်တဲ့သူတစ်ယောက်က.. လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ဒုက္ခပေးနိုင်လဲဆိုတာကို တစိမ့်စိမ့်တွေးရင်း အဆုံးထိကြည့်ဖို့ဆွဲခေါ်သွားမဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(2.2GB) / (1.1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__02:05:00 Type__Crime, Horror, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download | |
| 1080p | 2.2 GB | Download | |
| 720p | 1.1 GB | Download |