
Chaalchitro: The Frame Fatale (2024) ပျံ့လွင့်ကုန်သော အမှန်တရားများ IMDb 6.7/10 မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကာနစ်ရှ်ကာက ရဲသားတစ်ဦးပါ။ သူက သူ့မိန်းမနဲ့ အိမ်ထောင်ရေးမပြေလည်လှပါဘူး။ အလုပ်ကိုဦးစားပေးတယ်၊ လူမှုရေးကိုဦးစားပေးတယ်နဲ့ စကားများနေကြရပါတယ်။ တစ်ည သူ့ကိုအလုပ်ကဖုန်းဆက်ခေါ်လို့ အိပ်နေရာက ထသွားရပါတယ်။ အမှုအခင်းဖြစ်တဲ့ဆီရောက်တော့ ဆူရှ်မိတဆိုတဲ့ ကောင်မလေးတစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ထားတာပါ။ သူ့ကိုဆာရီတွေ ပန်းကုံးတွေဆင်မြန်ပေးထားပြီး နဖူးမှာသွေးတွေသုတ်လိမ်းကာ နံရံမှာချိတ်ဆွဲထားပါတယ်။ အခင်းဖြစ်ရာနေရာကို အရင်ရောက်သူကတော့ ရီတေ့ရှ်ကူမာလို့ခေါ်တဲ့ အသစ်ဝင်လာတဲ့ရဲသားလေးပါ။ သူက အိန္ဒိယနည်းပညာတက္ကသိုလ်မှာ၊ ရဲတပ်ဖွဲ့ဝင်ခွင့်စာမေးပွဲမှာ နေရာတိုင်းပထမရလို့ အောင်မြင်ခဲ့ပေမဲ့ အလုပ်မှာတော့သူကို အရေးမပေးသလိုခံစားနေရပါတယ်။ သူ့ကောင်မလေးကို အလုပ်မှာအဆင်မပြေကြောင်း၊ သူ့တစ်ဝက်လောက်တောင် အရည်အချင်းမရှိသူတွေလောက် နေရာမရကြောင်း ရင်ဖွင့်ပြီးအားငယ်နေသူပေါ့။ အဲဒီလိုနဲ့ ကာနစ်ရှ်ကာက သူ့လုပ်ဖော်ကိုင်ဖက်ရဲ နာစီရာကို အသတ်ခံရသူကောင်မလေးမိဘတွေဆီ စုံစမ်းစစ်ဆေးဖို့ လွှတ်လိုက်ပါတယ်။ နာစီရာမှာ ကလေးဘဝတည်းက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ သမီးလေးတစ်ယောက် ရှိနေပါတယ်။ သူတစ်နေကုန်အလုပ်သွားချိန် သူ့သမီးလေးကို ကလေးထိန်းနဲ့ထားခဲ့ရတာမို့ နောက်ခြောက်လနေလို့ သူပင်စင်ယူ အလုပ်ထွက်ပြီးရင် သမီးလေးအနားနေပေးပါမယ်လို့ တစ်ဖွဖွပြောနေသူပါ။ သူက ဒီအမှုဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က သူတို့ဖြေရှင်းခဲ့ဖူးတဲ့ အမှုနဲ့များဆက်စပ်နေသလားလို့ တွေ့ရှိလာပါတယ်။ သံသယရှိသူတွေကို ဖမ်းဆီးဖို့ကိုတော့ ကာနစ်ရှ်ကာက သူတို့အဖွဲ့ထဲက ရဲနောက်တစ်ဦးဖြစ်တဲ့ ဘစ်ရှ်ဝါကို လွှတ်လိုက်ပါတယ်။ အနှိပ်ခန်းသွားရာက ပြည့်တန်ဆာမလေးနဲ့ ချစ်ကြိုက်မိသူ ဘစ်ရှ်ဝါ၊ သမီးတစ်ဖက် အလုပ်တစ်ဖက်နဲ့ ရုန်းကန်နေရသူ နာစီရာ၊ စာကြမ်းပိုး မာနခဲလေးရီတေ့ရှ်နဲ့ ကာနစ်ရှ်ကူမာတို့ လေးယောက်အဖွဲ့ ဒီအမှုကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ သူတို့ဘဝဇာတ်ကြောင်းအသီးသီးနဲ့အတူ စိတ်လှုပ်ရှားစွာ သိရှိရမှာမို့ ကြည့်ရှုအဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 1080p | 1.5 GB | Download | |
| 720p | 765 MB | Download | |
| 720p | 765 MB | Download | |
| 720p | 765 MB | Download | |
| 720p | 765 MB | Download | |
| 720p | 765 MB | Download | |
| 720p | 765 MB | Download |