
ပမ်ဗန်ဟက်နဲ့ ပမ်ဗန်ကိုတို့ဟာ ဆင်းရဲမွဲတေပြီး စိုက်စားစရာစိုက်ခင်းလေးနဲ့ ခွေးလေးဗန်ပဲရှိတဲ့ သားအဖပါ။ တစ်ဖက်မှာတော့ ရွာသူကြီးလီနဲ့ သူ့အဖေ ရွာရဲ့ဂုဏ်သရေရှိလူကြီး သခင်ဗာတို့ သားအဖဟာ ရွာသားတွေကို အခွန်အခတွေကောက်ပြီး ဖိနှိပ်နေသူတွေပါ။ သူတို့ကိုထိ ဓားကြည့်ဆိုပြီး အာဏာစက်နဲ့ အုပ်ချုပ်နေသူတွေပေါ့။ သားဖြစ်သူ ပမ်ဗန်ကိုတစ်ယောက် မိန်းကလေးကိစ္စနဲ့ သခင်ဗာတို့သားအဖနဲ့ ငြိစွန်းပြီး ရွာက ထွက်သွားရတဲ့အပြင် အဖေဖြစ်သူ ပမ်ဗန်ဟက်တို့စိုက်ခင်းအတွက် အမြဲသုံးနေတဲ့ ရေတွင်းကြီးကို ဒီတွင်းက နဂါးသွေးကြောဖြစ်ကြောင်း၊ ဒီရေကိုသောက်ရင် သခင်ဗာရဲ့ မျိုးဆက်မပြတ်နိုင်တော့ကြောင်း ဗေဒင်ဆရာတစ်ယောက်က ပြောပြီးနောက်မှာ အဘိုးကြီးဟက်တို့စိုက်ခင်းဟာ ရွာသူကြီးလီတို့ လိုချင်စရာပစ်မှတ်ဖြစ်လာပါတော့တယ်။ ဒီလိုမျိုး အဖက်ဖက်က ပစ်မှတ်ထားခံနေရတဲ့ အဘိုးကြီး ပမ်ဗန်ဟက်တစ်ယောက် သူ့ခွေးလေး ဗန်နဲ့အတူ စိုက်ခင်းလေးကို ဘယ်လိုထိန်းသိမ်းမလဲ။ မြေနိမ့်ရာလှံစိုက်ဖြစ်နေတဲ့ အဘိုးကြီးရဲ့ဘဝမှာ ခွေးလေးနဲ့အတူ ဘယ်လိုအသက်ရှင်နေထိုင်မလဲဆိုတာကို ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size… 2.5GB | 953MB | 411MB Format… mp4 Duration….1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... August
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
January 8, 2021
ကြာချိန်
-
အဆင့်သတ်မှတ်ချက်
3.0 / 10
Director
Trần Vũ Thủy