
Catatan Harian Si Boy (2011) IMDb rating - 7 ဇာတ်လမ်းအညွှန်း အမေဖြစ်သူ အသည်းအသန်နေမကောင်းဖြစ်လို့ နာတာရှာဟာ လန်ဒန်ကနေ ပြန်လာခဲ့တယ်။ ဆေးရုံရောက်တော့ သူ့အမေအမြဲကိုင်ထားတယ်ဆိုတဲ့ စာအုပ်လေးကို ရတယ်။ စာအုပ်ထဲက လူကိုသာ အမေ့ဆီ ရောက်အောင် ခေါ်ပေးနိုင်မယ်ဆို အခြေအနေပြန်ကောင်းနိုင်မလားလို့ တွေးမိသွားတာပေါ့။ အဲနောက် အိမ်အပြန်လမ်းမှာ သူ့ရည်းစားကောင်လေးရဲ့ အကြွေးရှင်လူဆိုးတွေက ရိုက်နှက်လို့ ကားပါယူသွားတော့ ရဲစခန်းရောက်လာကြတယ်။ အဲ့ဒီမှာ ကားပြိုင်မောင်းရင်း အရှိန်လွန်ကားမောင်းလို့ ရဲဖမ်းခံရတဲ့ ဆထရီယိုနဲ့ သူ့ကိုလာထုတ်ပေးတဲ့ သူ့သူငယ်ချင်းတွေလည်း ရဲစခန်းရောက်နေကြတယ်။ အဲ့လိုနဲ့ ဆထရီယိုတို့သူငယ်ချင်းတစ်စုနဲ့ နာတာရှာနဲ့တွေ့ဆုံမိသွားကြတယ်။ ဆထရီယိုက နာတာရှာကို စိတ်ဝင်စားတာနဲ့ ဒိုင်ယာရီစာအုပ်ထဲက ဘွိုင်း ကို ကူရှာပေးဖို့ အခြေအနေဖန်လိုက်တယ်။ အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် ဘွိုင်းကို တွေ့ဖို့ခက်ခဲတော့ သူတို့ ဘယ်လိုကြိုးစားသွားကြမလဲ... နာတာရှာ့ကောင်လေးက သဝန်တို၊အူတိုတာနဲ့ ပြဿနာတွေ ဖန်တီးလာတော့ သူတို့မိတ်ဆွေတွေကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ... လူငယ်တွေဆိုတာက ကိုယ်စတင်ထားတဲ့အရာတစ်ခုကို ပြီးမြောက်သည်အထိ လုပ်ဆောင်ကြရတယ်။ စိတ်ဆန္ဒသာပြင်းပြနေပါစေ ဘယ်လောက်ခက်ခဲတဲ့ကိစ္စမဆို အောင်မြင်အောင်လုပ်နိုင်ပါတယ်။ ဆိုတော့ ဆထရီယိုတစ်ယောက် ဘွိုင်းကိုရော နာတာရှာ့အမေ့ဆီကို အရောက်ခေါ်လာပေးနိုင်ပါ့မလား။ ချည်မျှင်လေးတွေ တစ်ခုချင်းကို ရက်မယ်၊ အထည်ဖြစ်လာရင် ဖြတ်မယ်ညှပ်မယ်ဆိုရင် အဝတ်စလေးတွေကို လှပတဲ့ အဝတ်တစ်ထည်တစ်ခု ဖန်တီးနိုင်ပါတယ်။ မိသားစုဝင်တွေ မိတ်ဆွေသူငယ်ချင်းတွေ ချစ်သူရည်စားတွေဆိုတာလည်း ဒီလိုပဲ၊ အစပိုင်းမှာ မတူညီတဲ့ တစ်နေရာဆီကနေ လာကြတာပါ။ အတူတူပေါင်းစည်းလိုက်မယ်ဆိုရင်တော့ လှပတဲ့လူ့ပတ်ဝန်းကျင်တစ်ခုအနေနဲ့ ဖန်တီးနိုင်မှာပါ။ သွေးသားရင်းချာမဟုတ်ကျတဲ့ သူငယ်ချင်းတွေတောင်မှ အချင်းချင်းဖေးမရင်း၊ မေတ္တာထားကြရင်းဆိုရင် "မြိန်ရာ ဟင်းကောင်း၊ ခင်ရာ ဆွေမျိုး" ဆိုတဲ့အတိုင်း မိသားစုတွေ ဖြစ်လာကြမှာပါပဲ။ ဒီဇာတ်ကားလေးမှာ ခုပြောပြနေတဲ့အကြောင်းတွေ ခံစားကြရမှာ ဖြစ်ပါတယ်။ မိတ်ဆွေသူငယ်ချင်းဆက်ဆံရေးတွေ ဖော်ကျူးရိုက်ကူးထားပြီးတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် "Boy's Diary" ဆိုတဲ့ အင်ဒိုနီးယားဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါပြီ၊ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်) File size… 1.2 GB / 650 MB Quality… WEB Rip 1080p / 720p Format… mp4 Duration…. 1h 36m Genre ..... Action , Drama , Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
July 1, 2011
ကြာချိန်
1h 39m
အဆင့်သတ်မှတ်ချက်
6.0 / 10
Director
Putrama Tuta