
ဟိုးအရင်တုန်းက ညဘက်မှာ လမ်းပျောက်ရင် ဓူဝံကြယ်ကိုကြည့်ပြီး လမ်းရှာခဲ့ကြပါတယ် ဓူဝံကြယ်ကိုရော ဘယ်လိုရှာသလဲ... အတောက်ပဆုံးဆိုတဲ့ "ကယ်ဆီယိုးပီးယား" ဆိုတဲ့ ကြယ်စုတန်းကို ရှာတွေ့ရင် ဓူဝံကြယ်ကို ရှာတွေ့ပါသတဲ့လေ... ဒါဆိုရင် ညဘက်မှာလမ်းပျောက်ရင် ကြယ်ကိုကြည့်ပြီး လမ်းရှာနိုင်ပေမဲ့ နေ့ခင်းဘက်မှာ လမ်းပျောက်ရင်ရော... တကယ်တမ်း နေ့ခင်းမှာလမ်းပျောက်ခဲ့သူကတော့ ဘတ်ဆူဂျင်းပါပဲ ဘတ်ဆူဂျင်းဟာ သမီးနဲ့ နှစ်ယောက်တည်းနေရင်း တစ်ခုခုဆို အဖေဖြစ်သူကိုပါ အကူအညီတောင်းနေရသူ တစ်ယောက်ပါ ဖြစ်ချင်တော့ အသက် ၃၀ ကျော်ပဲရှိသေးတဲ့ ဘတ်ဆူဂျင်းဆီကို မထင်မှတ်ထားတဲ့၊ အဲဒီအသက်အရွယ်မှာ ဖြစ်ခဲလှတဲ့ Dementia လို့ ခေါ်တဲ့ သတိမေ့တတ်တဲ့ ရောဂါကြီး ရောက်လာခဲ့ပါတော့တယ်။ တကယ်တမ်း အရေးကြုံလာရင် ဘေးနားမှာရှိပေးတာက မိဘပါပဲ၊ ဘတ်ဆူဂျင်းရဲ့အဖေကတော့ သမီးဖြစ်သူရဲ့ ဘေးမှာ စောင့်ရှောက်ပေးရင်း အရာရာကို အတူတူရင်ဆိုင်ပေးခဲ့တာပါ ဘတ်ဆူဂျင်းအဖြစ် သရုပ်ဆောင်ထားတာကတော့ Why Her? ကရှေ့နေမမ အိုဆူဂျယ် (Seo Hyun Jin) ပဲဖြစ်ပါတယ်၊ ရှေ့နေဆိုတဲ့ ဇာတ်ကောင်တူနေပေမဲ့ လုံးဝကွဲပြားနေတာကတော့ သတိမေ့တတ်တဲ့ ပုံစံနဲ့ သရုပ်ဆောင်ရတဲ့ဇာတ်ကောင်စရိုက် ပါပဲ ဒီရုပ်ရှင်ကတော့ Seo Hyun Jin ရဲ့ next level ရောက်နေတဲ့ သရုပ်ဆောင်ချက်တွေနဲ့တင် ကြည့်ရတာ အရမ်းကိုတန်နေပါပြီ နောက်ဆုံးမှာ လမ်းပျောက်နေတဲ့ ဆူဂျင်းတစ်ယောက် ရှာတွေ့သွားနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 931MB | 534MB | 238MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | Download | ||
| 1080p | Download | ||
| 720p | Download | ||
| 720p | Download |
ထုတ်လွှင့်သည့်နေ့
June 1, 2022
ကြာချိန်
1h 41m
အဆင့်သတ်မှတ်ချက်
7.2 / 10
Director
Shin Yeon-shick