
Casatoria 2024 အခုတစ်ခါ CM ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ ရိုမေးနီးယားဟာသကားလေးတစ်ကားပဲဖြစ်ပါတယ် ကြားနေကျစကားသံမဟုတ်ပေမယ့် ဇာတ်ကွက်ကတော့ သိပ်မစိမ်းပါဘူး။ ဘော်ဒါသုံးကောင်ပေါင်းပြီ မလည်ရှုပ်တွေရော အလည်ရှုပ်တွေရော လုပ်ကြရင်း တိုင်ပတ်နေကြတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လောင်းကစားသမားတစ်ယောက်ဖြစ်တဲ့ ခရက်ချင်စကီနဲ့သူ့ဘော်ဒါနှစ်ကောင်ဟာ အကြွေးတွေပတ်လည်ဝိုင်းလို့ ပိုက်ဆံရစရာဂွင်ဖန်ဖို့ကြံပါတော့တယ်။ ဖြစ်ချင်တော့ အဲ့မြို့ကအချမ်းသာဆုံးဘောစိရဲ့ သမီးကို အိမ်ထောင်ချပေးမယ့်သတင်းကို သိလိုက်ရပါတယ်။ သူဌေးသမီးဆိုလို့ ဖြူဖတ်အုအက်လေးမဟုတ်ပါဘူး။ မျက်စိမှိတ်ကြည့်မှလှတယ်ဆိုတဲ့ ကျားကိုးစီးစားမကုန်တဲ့ အချောလေးပဲဖြစ်ပါတယ်။ အကြံကုန် ဂဠန်ဆားချကိရုံတင်မက ဆားစက်ရုံပါထောင်တဲ့ ခရက်ချင်စကီက သူဌေးယောင်ဆောင်ပြီး သူဌေးသမီးကိုပိုင်းလုံးလုပ်ဖို့ ကြံတဲ့အခါမှာတော့ ဘာတွေတလွဲလုပ်မလဲ ပရိသတ်ကြီးပဲ ဆက်ရှုစားကြဖို့ ပြောချင်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်