
Captain Volkonogov Escaped (2023) IMDb – 7.3/10 နဲ့ Rotten Tomatoes – 100% အထိ ရရှိထားပြီး ဗင်းနစ်စ် နိုင်ငံတကာ ရုပ်ရှင်ပွဲတော်မှာ Golden Lion ဆုအတွက် ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရွေးချယ်ခံခဲ့ရတဲ့ ရုပ်ရှင်တစ်ခုပါ။ ဆိုဗီယက်စစ်အာဏာရှင် ဂျိုးဇက် စတာလင် ရဲ့ ဆိုဗီယက်ပြည်ထောင်စုကြီး အဓွန့်ရှည်တည်မြဲရေးအတွက် လူတွေအစုလိုက်အပြုံလိုက် သုတ်သင်ရှင်းလင်းခဲ့တဲ့ The Great Terror ဆိုတဲ့ ၁၉၃၈ ခုနှစ်ဝန်းကျင်ကာလမှာ ဇာတ်အိမ်တည်ထားပါတယ်။ • ဇာတ်လမ်းအကျဉ်း • ဖီယိုဒေါရ် ဗော်လ်ကာနိုဂေါ့ဗ် ဟာ အထက်လူကြီးတွေရဲ့ယုံကြည်မှုကိုသာမက ရဲဘော်တွေကြားမှာပါ စံထားလေးစားကြရတဲ့ ဆိုဗီယက်စစ်ဗိုလ်တစ်ယောက်ပါ။ ဒါပေမယ့်တစ်နေ့မှာ သူ့အထက်အရာရှိတစ်ယောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့တာကြောင့် လက်အောက်ငယ်သားတွေလည်း တစ်ယောက်ပြီးတစ်ယောက် ဖမ်းဆီးစစ်ဆေးခံရပါတော့တယ်။ ဖီယိုဒေါရ်ကတော့ သူ့အလှည့်မရောက်ခင် ကိုယ်လွတ်ရုန်းထွက်ပြေးနိုင်ခဲ့ပေမယ့် “ငရဲကျနေတဲ့သူငယ်ချင်းတစ်ယောက်” နဲ့ လမ်းမှာတွေ့ပြီး သူတို့တစ်ဖွဲ့လုံး ငရဲမှာ ညှင်းဆဲနှိပ်စက်ခံနေရကြောင်း၊ ဖီယိုဒေါရ်ဟာလည်း ေ-သပြီးရင် ထာဝရငရဲခံရမှာဖြစ်ကြောင်း၊ သူတို့စစ်သားဘဝက မတရားဖမ်းဆီးနှိပ်စက်သ-တ်ဖြတ်ခဲ့တဲ့ လူတွေရဲ့ မိသားစုဝင်တစ်ယောက်ယောက်က ခွင့်လွှတ်ပေးမှသာလျှင် လွတ်မြောက်နိုင်မှာဖြစ်ကြောင်း သိလိုက်ရတဲ့အခါမှာတော့ အကျဉ်းသားတွေကိုညှင်းဆဲဖို့ လက်မရွံ့ပေမယ့် ကိုယ်တိုင်ငရဲခံရမှာကျတော့ကြောက်တဲ့ ဖီယိုဒေါရ်တစ်ယောက် ကျန်ရစ်သူမိသားစုတွေကို တစ်အိမ်တက်ဆင်း လိုက်တောင်းပန်ရပါတော့တယ်။ တောင်းပန်တဲ့ခရီးလမ်းမှာ ဖီယိုဒေါရ်တစ်ယောက် ဘယ်လိုသံဝေဂရစရာတွေ ကြုံတွေ့ရမလဲ… အပါယ်တံခါးပိတ်စေဖို့ သူလိုအပ်တဲ့ ခွင့်လွှတ်မှုမျိုးရော ရရှိသွားပါ့မလား…ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ File size…(2 GB) / (860 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Duration….02:06:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Random guy
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p HEVC | 2 GB | Download | |
| 1080p HEVC | 2 GB | Download | |
| 1080p HEVC | 2 GB | Download | |
| 1080p HEVC | 2 GB | Download | |
| 720p | 860 MB | Download | |
| 720p | 860 MB | Download | |
| 720p | 860 MB | Download | |
| 720p | 860 MB | Download | |
| 720p | 860 MB | Download | |
| 720p | 860 MB | Download |