
IMDb...8.4,,,Rotten....89% တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်.......တခြားအမှုများနှင့်မတူ ...အတော်ထူးခြားသည်... အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်.... တရားအစွဲခံရတဲ့သူတွေက ဒီကောင်လေးရဲ့ မိဘတွေပင်....ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်.... တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်... "ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား" "သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ" " ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား" "သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါ အဲ့ဒီအချိန်တုန်းက ရုံးချိန်းမှာတောင် ကျွန်မတို့ လင်မယား(၂)ယောက်သက်သေပါခဲ့ပါသေးတယ် အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်မှန်းနားမလည်ဘူးတရားသူကြီးမင်းရှင့်" အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်.... "သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား" "ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ" "မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ" "ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ" အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင်သည်.... ဒီလိုကောင်လေးက ဒီလိုပြောတာ တကယ်အံအားသင့်စရာပင်... ဒီလိုပြန်ဖြေလိုက်တဲ့ ဂျစ်ကန်ကန်ကောင်လေးရဲမျက်နှာမှာ နာကျင်ကြွေကွဲခြင်းတွေအတိုင်းသားမြင်နေရတယ်... ဇာတ်လမ်းအရဲ့အစပိုင်းမှာတင် မိဘနဲ့သားသမီးကြားထူးခြားတဲ့ဆက်ဆံရေးကိုတွေ့နိုင်သလို စိတ်ဝင်စားစရာတွေ ဆက်ကြည့်ချင်စိတ်တွေအများကြီးပေါက်အောင်ဆွဲဆောင်နိုင်တယ်.. ဘာကြောင့်တရားစွဲချင်ရတာလဲ...မိဘတွေကရော တရားရုံးမှာဖြေတဲ့ပုံစံက အပိုအလုပ်တွေလာလုပ်နေရတဲ့ပုံ.. သူတို့ရှင်သန်ကြီးထွားကြတဲ့ပုံစံတွေက ဘယ်လိုမျိုးတွေလဲ.... ဒီလိုနဲ့ ဆက်ကြည့်တာ တကယ်လည်းအရမ်းကိုကောင်းလွန်းတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့တယ်... ဒီကားက အကောင်းဆုံးနိုင်ငံခြားအော်စကာဆု ဆန်ကာတင်စာရင်းဝင်ခဲ့သလို အခြားဆု(၂၂)ဆုလည်းရရှိခဲ့တယ်.. Ratingတွေကလည်းမြင်တဲ့အတိုင်းပဲ...ကားကောင်းမို့ စပွိုင်လာဖြစ်မယ်စိုးလို့ ကိုယ်တိုင်ပဲခံစားကြည့်ပါ.... File Size : (950 MB) and (375 MB) Quality : WEB-DL 720p, Format…mp4 Duration…02:06:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ye Pye Sone Encoded by Phyo Pyae
| Provider | Resolution | File Size | |
|---|---|---|---|
| 720p | Download |
ထုတ်လွှင့်သည့်နေ့
September 20, 2018
ကြာချိန်
2h 6m
အဆင့်သတ်မှတ်ချက်
8.2 / 10
Director
Nadine Labaki