
ဒီဇာတ်ကားဟာ အဘွားနေမကောင်းဖြစ်နေလို့ အိမ်ပြောင်းလာကြတဲ့ အထက်တန်းကျောင်းသူလေးတစ်ယောက်အကြောင်းနဲ့ ဇာတ်အိမ်တည်ထားပြီး အာဂျင်တီးနားနိုင်ငံရဲ့ နိုင်ငံရေးနဲ့ အမျိုးသမီးအခွင့်အရေး ဆုံးရှုံးမှုတွေကို ခပ်ပါးပါးလေးရောယှက်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ကာမီလာဟာ အမေရယ် ညီမလေးရယ်နဲ့အတူ အဘွားအိမ်ကိုပြောင်းလာခဲ့ကြပြီး မြို့အသစ်ရဲ့ ကျောင်းအသစ်ကိုရောက်တော့ သူငယ်ချင်းမရှိတဲ့အတွက် တစ်ယောက်တည်း ယောင်ချာချာ ဖြစ်နေခဲ့ရပါတယ်။ ဒီလိုနဲ့သူငယ်ချင်း မိတ်ဆွေတွေ ရလာခဲ့တဲ့အခါမှာလည်း ထင်သလိုအဆင်မပြေဘဲ အခက်အခဲလေးတွေ ထပ်မံကြုံတွေ့ရပါတယ်။ ကာမီလာတို့ဟာ နိုင်ငံရေးကို စိတ်၀င်စားကြပြီး အထူးသဖြင့် အမျိုးသမီးအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားသူတွေ ဖြစ်ကြပါတယ်။ ဒီဇာတ်ကားဟာ ဆယ်ကျော်သက်အရွယ်နဲ့ မိဘကြား ဆက်ဆံရေးအခက်အခဲတွေကို ဆဲဆိုအော်ဟစ်တာမပါဘဲ ခပ်အေးအေးပဲ ချပြသွားခဲ့တဲ့အပြင် တစ်ကမ္ဘာလုံးက ဖိနှိပ်ခံအမျိုးသမီးတွေအတွက် ခွန်အားတွေပါပေးတဲ့အတွက် ဇာတ်ကားငြိမ့်ငြိမ့်လေးကြိုက်တဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size…1.7GB / 600MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Jaka
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.7GB | Download | |
| 720p | 600MB | Download | |
| 1080p | 1.7GB | Download | |
| 720p | 600MB | Download |
ထုတ်လွှင့်သည့်နေ့
May 26, 2022
ကြာချိန်
1h 40m
အဆင့်သတ်မှတ်ချက်
6.0 / 10
Director
Inés María Barrionuevo