
Bruiser (2022) =========== ဒီဇာတ်ကားကိုတော့ အဖေနှစ်ယောက် သားလုတဲ့ကားလို့ပြောရ မလားပဲဗျ။ လူမည်းမိသားစုတစ်စုရဲ့အကြောင်းပေါ့။ ဒဲရီးယပ်စ်ဆိုတဲ့ ၁၄နှစ်အရွယ်ကောင်လေးတစ်ယောက် ကျောင်းပိတ်ရက်မှာ ဘော် ဒါဆောင်ကနေ အိမ်ပြန်လာရာက ဇာတ်လမ်းစပါတယ်။ သူ့အဖေရင်းကတော့ သူမွေးလာတုန်းက တာဝန်ယူဖို့အဆင်သင့်မဖြစ် သေးလို့ဆိုပြီး ပစ်သွားတာပါ။ ငယ်ငယ်ကတည်းကနေ အခုချိန်ထိ ကျွေးမွေးစောင့်ရှောက်လာတဲ့သူက သူ့အမေရဲ့ခင်ပွန်းဖြစ်တဲ့လက်ရှိ အဖေပေါ့။ အဖေရင်းနဲ့လက်ရှိမိဘတွေက ငယ်သူငယ်ချင်းကြီးတွေ ဖြစ်ကြလေရဲ့။ တစ်ရက်ကျ သူ့အဖေရင်းဟာ ပြန်ရောက်ချလာပြီး ဒဲရီးယပ်စ်ရဲ့မိသားစုဘဝထဲကို ဝင်လာပါလေရော။ သွေးသားရင်းဖြစ်တဲ့ အဖေရင်းဟာ သူ့အပေါ်နားလည်ပေးတယ်လို့ ဒဲရီးယပ်စ်တစ်ယောက် ခံစားလာရပါတယ်။ အဖေရင်းကလည်း သူ့ သားသူမတွေ့ရမနေနိုင်တော့ပါဘူး။ လက်ရှိအဖေကတော့ စည်းကမ်း တင်းကြပ်တာတွေ၊ ဆူဆူပူပူပြောတာတွေကြောင့် ဆယ်ကျော်သက် ဖြစ်တဲ့ ဒဲရီးယပ်စ်နဲ့ အစေးမကပ်ဘူးပေါ့။ လက်ရှိအဖေဟာ ဒဲရီးယပ်စ် အဖေရင်းရဲ့အကျင့်နဲ့ နေပုံထိုင်ပုံကြောင့် သူ့သားကို အဲ့လူနဲ့နီးနီးမှာ နေ ခွင့်မပေးနိုင်ဘူးဖြစ်ပြန်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ သူ့ကိုပျော်အောင်လုပ်ပေးနိုင်တဲ့ အဖေရင်းနဲ့ စနစ်တကျ ရှိပြီး အခုချိန်ထိ သူ့ကိုကျွေးမွေးပေးလာတဲ့ လက်ရှိအဖေတို့ကြားမှာ ဒဲရီးယပ်စ်တစ်ယောက် ဝေခွဲရခက်နေပါတယ်။ အဖေနှစ်ယောက်ကလည်း မတည့်ကြတာမို့ သူ့သားငါ့သားဆိုပြီး ငြင်းကြပါတော့တယ်။ ကဲပါ ကြည့်ရှု ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.82 GB) / (757 MB) / (431 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 37Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM