
လင်းယုန်ငှက်တွေဟာ စူးရှတဲ့ အမြင်အာရုံရှိပြီး အမဲလိုက်ရာနေရာမှာလည်း အံ့ဩဖွယ်ကောင်းအောင် ထူးချွန်တဲ့ ငှက်တွေဖြစ်ပါတယ်။ ဖမ်းချင်တဲ့ သားကောင်ကိုတွေ့ရင် လေပေါ်ကနေ အောက်ကိုထိုးဆင်းပြီးမှ မြေကိုမထိပဲ သားကောင်ကို ချီသွားနိုင်တဲ့ ပုံစံဟာ လင်းယုန်ငှက်တွေရဲ့ နာမည်ကြီး အမဲလိုက်ပုံလို့ပဲ ပြောရပါလိမ့်မယ်။ ဒီဇာတ်ကားကလည်း အဲ့လို အံ့ဩဖို့ကောင်းတဲ့ လင်းယုန်တစ်ကောင်ရဲ့ ဇာတ်လမ်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ လူးကပ်စ်ဟာ ထူးခြားတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။ သူက ကြင်နာတတ်တဲ့စိတ် အပြည့်ရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီး တစ်ယောက်တည်း အေးအေးဆေးဆေးလည်း နေတတ်သူပါ။ ဒီလိုထူးခြားတဲ့ ကောင်လေးတစ်ယောက်မှာ အတိတ်ဖြစ်ရပ်ဆိုးတွေလည်း ရှိနေပါတယ်။ လူးကပ်စ်ဟာ ဒီဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရနေပြီး သူ့ရဲ့ဖခင်ဖြစ်သူနဲ့လည်း ပြေလည်တဲ့ ဆက်ဆံရေး မရှိပါဘူး။ တစ်နေ့တော့ လူးကပ်စ်တစ်ယောက် လျှောက်သွားရင်းနဲ့ တောင်ပေါ်တစ်နေရာက ပြုတ်ကျနေတဲ့ လင်းယုန်ငှက်ပေါက်စလေး တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ လူးကပ်စ်က ကြင်နာတတ်သူပီပီ ငှက်ကလေးကို မွေးစားဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ လူးကပ်စ်နဲ့ ငှက်ကလေး သူငယ်ချင်းတွေဖြစ်လာတာကို ကြည်နူးစရာ မြင်တွေ့ရမယ့်ဇာတ်ကားလေးပါ။ ငှက်ကလေးမှာလည်း သူ့ရဲ့ကိုယ်ပိုင် ဘဝဇာတ်လမ်းတစ်ခု ရှိနေတဲ့အခါမှာ လူးကပ်စ်တို့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ ကြည့်ရှုရမှာပါ။ အယ့်လ်ပ်စ် တောင်တန်းကြီးတွေရဲ့ ရှုခင်းလှလှတွေကို ကြည့်ချင်တဲ့ သူတွေအတွက်ရော လူနဲ့တိရစ္ဆာန်ကြားက သံယောဇဉ်ကို ပုံဖော်ထားတဲ့ ဇာတ်လမ်းမျိူး ကြိုက်သူတွေအတွက်ပါ ကြည့်သင့်တဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပါတယ်။ File size… 2.2GB / 1GB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre ..... Drama , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Spencer Potato
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 2.2GB | Download | |
| 720p | 1GB | Download | |
| 1080p | 2.2GB | Download | |
| 720p | 1GB | Download |