
Psychology ဆိုတာလူတိုင်းနဲ့ဆက်စပ်နေပါတယ် လူတယောက်ရဲ့ ဝန်းကျင် အသိုင်းဝိုင်းနေထိုင်မှု အလုပ် သူ့ရဲ့ background စတာတွေအပေါ်မှာ လိုက်ပြီး influence ဖြစ်တတ်ပါတယ်... ဖရန့်ပီရာစ့်ဆိုတဲ့ ဆေးဖက်အကူလုပ်သားတယောက်မှာ အလုပ်ကပေးတဲ့ post traumatic disorder တွေ ခံစားနေရပါတယ်.... ဆေးဖက်အကူဆိုတဲ့အတိုင်းပဲ သေသူတွေနဲ့ ခဏခဏထိတွေ့နေရတဲ့ အတွက် ဖရန့်တယောက်အိပ်မပျော်တာတွေ ကြောက်တာတွေ ထင်ယောင်ထင်မှားဖြစ်တာတွေ ဝိညာဥ်တွေကို မြင်တစ်ချက် မမြင်တစ်ချက်ဖြစ်တာနဲ့ တစ်ချိန်လုံး အကြပ်ရိုက်နေပါတယ်... ဒီကားဟာ American psycho နဲ့ ခပ်ဆင်ဆင်ကားလို့တောင်ပြောရမယ် ... ရုပ်ရှင်ထဲက cast တွေ ဘာလုပ်လို့လုပ်နေမှန်း တစ်ခါတစ်ခါသူတို့ပြောတဲ့ပြောစကားတွေက ဘာတွေပြောနေမှန်းကြည့်ရင်းနဲ့တင် ရူးကြောင်ကြောင်နိုင်ပါတယ်.... ဒါပေမယ့် American psycho လိုတော့ ပြန်မဖြည်ချပဲ ဒီတိုင်းလေး လူကိုတောက်လျှောက်မွန်းကြပ်အောင် လုပ်ပြသွားတယ်.. တစ်ချို့နေရာတွေမှာလည်း အဓိပ္ပါယ်၂ခွ ထွက်တဲ့ scene တွေ color tone တွေကိုလည်း ကစားထားတာတွေ့တယ်.. အဲ့တော့ ပြောရရင် ပန်းချီကားတစ်ချပ်ကိုကြည့်နေရသလိုပဲ ... ကိုယ့်စိတ်ထဲက deep down တစ်နေရာက ခံစားမှုကိုအခြေပြုပြီး ရတဲ့ အရသာကကွဲပြားသွားမှာပါ... ဒါရိုက်တာကလဲ Martin Scorsese ဖြစ်နေတယ် Main cast ကလဲ မင်းသားကြီး Nicolas ဖြစ်နေတာဆိုတော့ သူတို့၂ယောက်နဲ့တင် ဘာတွေလုပ်ပြထားနိုင်မလဲ... နောက်ပီးအချိန်အားဖြင့်လဲ 1999 ကကားဖြစ်တဲ့အတွက် ဘယ်လို vibe မျိုးပေးနိုင်မလဲဆိုတာ မြည်းစမ်းကြည့်ဖို့တော့ အတော်တန်တယ်ပြောရမယ် File Size :(2.9GB)(991 MB) and (352 MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:01:00 Genre : Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by Phyo Pyae
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
October 22, 1999
ကြာချိန်
2h 1m
အဆင့်သတ်မှတ်ချက်
6.6 / 10
Director
Martin Scorsese