
Bring It On (2000) IMDb Rating (6.2) / Rotten Tomatoes (65%) ဒီဇာတ်ကားလေးကတော့ ၂၀၀၀ ပြည့်နှစ်ကျော်တွေက trend တစ်ခုလိုမျိုး အများအပြား ထွက်ရှိခဲ့တဲ့ အမေရိကန် Teen/Comedy ရုပ်ရှင်ကားတွေထဲက ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်။ Toby Mcguire ရဲ့ Spider-Man ရုပ်ရှင်တွေမှာ MJ အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးက ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင် Torrence အဖြစ် ပါဝင်ထားပါတယ်။ 90s born တွေအနေနဲ့ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးကို ကြည့်ရင်း လွမ်းဆွတ်ဖွယ် ခံစားချက်တစ်ခုကို ရရှိမယ်လို့ ထင်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Torrence ဟာ အထက်တန်းကျောင်း ကိုယ်စားပြု နာမည်ကျော် Cheerleader အသင်းတစ်ခုရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ အသင်းရဲ့ ကပ္ပတိန်ဖြစ်သူ Big Red က ကောလိပ်တက်ရမှာ ဖြစ်တဲ့အတွက် လစ်လပ်သွားတဲ့ ကပ္ပတိန်နေရာကို ရွေးကောက်ကြရမှာ Torrence တစ်ယောက် အရွေးခံရပါတော့တယ်။ ကပ္ပတိန်အဖြစ် တာဝန်ယူတဲ့နေ့မှာပဲ အသင်းသူတစ်ယောက် လေ့ကျင့်ရင်းနဲ့ ဒဏ်ရာရသွားလို့ Missy လို့ခေါ်တဲ့ ဂျွမ်းဘား အလွန်ကျွမ်းကျင်သူ ကျောင်းသူသစ်နဲ့ လူစားထိုးလိုက်ရပါတယ်။ ဒီလိုနဲ့ နိုင်ငံလုံးဆိုင်ရာ Cheerleader ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေရင်းနဲ့ Torrence တစ်ယောက် သူတို့အသင်း အသုံးပြုတဲ့ ကကွက်တွေက East Compton က Clovers အသင်းရဲ့ ကကွက်တွေနဲ့ တူညီနေကြောင်း သိလိုက်ရပါတော့တယ်။ အကြောင်းကတော့ ကပ္ပတိန်ဟောင်းဖြစ်သူ Big Red က Clovers အသင်းရဲ့ ဖျော်ဖြေပွဲတွေကို ဗီဒီယိုရိုက်ကူးပြီး ကကွက်တွေကို ခိုးယူခဲ့လို့ဖြစ်ပါတယ်။ ဒီကကွက်တွေကြောင့် Torrence တို့အသင်းဟာ နိုင်ငံလုံးဆိုင်ရာ ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့တာပါ။ ဒီနှစ်မှာတော့ ကလိုဗာအသင်းကလည်း ဝင်ပြိုင်မှာဖြစ်ပြီး Torrence တို့အသင်းကို ချေမှုန်းမယ်လို့ ကြိမ်းဝါးပါတော့တယ်။ ဒီလိုနဲ့ ကပ္ပတိန်အသစ်စက်စက် Torrence တစ်ယောက် ကကွက်အသစ်တွေ ဖန်တီးဖို့ ကြိုးစားရပါတော့တယ်။ Torrence အနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်ပါ့မလား၊ စည်းလုံးမှုပြိုကွဲနေတဲ့ အသင်းကို စည်းရုံးပြီး ဖိုင်နယ်ကို အရောက်ပို့နိုင်ပါ့မလားဆိုတာကို ဟာသနှောပြီး ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အမေရိကန်အထက်တန်းကျောင်းသားဘဝ၊ အချစ်ရေးနဲ့ လူမှုရေး ရုန်းကန်မှုတွေကို ပေါ့ပါ့ပါးပါး တင်ဆက်ထားတဲ့ ကြည့်ပျော်သော ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wolfenheim ဖြစ်ပါတယ်။) File size…(3.2 GB) / (1.5 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Comedy Duration….01:39:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Wolfenheim
| Provider | Resolution | File Size | |
|---|---|---|---|
| Blu-Ray 1080p | 3.2 GB | Download | |
| Blu-Ray 1080p | 3.2 GB | Download | |
| Blu-Ray 1080p | 3.2 GB | Download | |
| Blu-Ray 1080p | 3.2 GB | Download | |
| Blu-Ray 720p | 1.5 GB | Download | |
| Blu-Ray 720p | 1.5 GB | Download | |
| Blu-Ray 720p | 1.5 GB | Download | |
| Blu-Ray 720p | 1.5 GB | Download | |
| Blu-Ray 720p | 1.5 GB | Download | |
| Blu-Ray 720p | 1.5 GB | Download |
ထုတ်လွှင့်သည့်နေ့
August 25, 2000
ကြာချိန်
1h 38m
အဆင့်သတ်မှတ်ချက်
6.2 / 10
Director
Peyton Reed