
အန်ဒီဟာဘွဲ့ရပြီးနောက် နယူးယော့ခ်မြို့မှာ အလုပ်သင်ဆင်းခဲ့ပေမဲ့ သူ့ရဲ့ကောင်လေးနဲ့နီးဖို့အတွက် ဘော့စတွန်ကိုပြောင်းလာခဲ့ပြီး အလုပ်တစ်ခုကိုရှာနေသူပါ။ အလုပ်အများစုကလည်းအလုပ်မခန့်ကြတဲ့အပြင် မြို့အသစ်ကိုပြောင်းလာတဲ့သူဖြစ်တာကြောင့် သူငယ်ချင်း အသိမိတ်ဆွေကလည်းမရှိဖြစ်နေပါတယ်။ ဒီလိုနဲ့ Be Friend ဆိုတဲ့ အက်ပ်တစ်ခုကိုစမ်းသုံးကြည့်ရင်း ဖာရာဆိုတဲ့ မြို့ခံကောင်မလေးတစ်ယောက်တွေ့ပြီး ရင်းနှီးသွားခဲ့ကြပါတယ်။ တစ်နေ့မှာတော့ ဖာရာခေါ်သွားတဲ့ ကလပ်ကိုလိုက်သွားရင်းနဲ့ ဖာရာရဲ့ကောင်လေး အီသန်ဟာ သူ့ရဲ့သူငယ်ချင်းတွေနဲ့ပေါင်းပြီး ကလပ်ကိုလာတဲ့ မိန်းကလေးတွေကိုဆေးခတ်ကာ ကိုယ်ထိလက်ရောက်ကျူးလွန်ကြတာတွေကို အန်ဒီတစ်ယောက်သိရှိသွားတဲ့ အခါမှာတော့ ဘယ်လိုအရှုပ်အထွေးကြီးထဲကို အန်ဒီဝင်ပါနေမိပြီးသားဖြစ်နေမလဲ၊ အီသန်တို့ကကျူးလွန်နေတာတွေကိုရော အန်ဒီတားဆီးနိုင်မလား၊ သူပါပြဿနာတွေတက်ကုန်မလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.2 GB)/(600 MB)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT