
Bon Bini: Judeska in da House (2020) =========================== အဆိုပါဒတ်ချ်ဟာသရုပ်ရှင်သည် ကမ္ဘာ့ရောဂါကပ် ကိုဗစ်၁၉ ဖြစ်ပွားချိန်၌ ဇာတ်အိမ်တည်ထားပါသည်။ လူမျိုးရေးခွဲခြားမှု ဟာသတွေ၊ အဆုံးမှာ အသားရောင်အခြေခံခွဲခြားခြင်းကို ဆန့် ကျင်ကျော်လွန်လက်ခံသွားတဲ့ လူဖြူဇာတ်ကောင်တွေအကြောင်း အား ကလီရှေးဆန်ဆန်ရိုက်ကူးထားပါတယ်။ ထူးခြားတာက သရုပ်ဆောင် Jandino Asporaat ပါ။ ဇာတ်လမ်းအဆုံး ဂူဂဲလ် မှာရှာဖတ်ကြည့်တော့မှ အမျိုးသားသရုပ်ဆောင်ဟာ အမျိုးသမီး ကဲ့သို့ဝတ်ဆင်ကာ သရုပ်ဆောင်ထားမှန်းသိရအောင်ကို ပီပြင် လွန်းခဲ့တာပါ။ ဟော်လီဝုဂန္တဝင် ရော်ဘင်ဝီလီယံ ရဲ့ Mrs Doubtfire ဇာတ်ရုပ်ကိုမြင်ယောင်မိပါသေးတယ်။ ဇာတ်လမ်းအကျဉ်းက ဂျူဒပ်စကာတစ်ယောက် သူ့တူမကို ရည်းစားကောင်လေးအိမ်လမ်းကြုံလိုက်ပို့ပါတယ်။ ကောင်လေး ရဲ့အဖေ နိုင်ငံတော်အတွင်းဝန်ဖြစ်သူဟာ ထိုနေ့မှ ကပ်ဆိုးရောဂါ ကိုဗစ်၁၉နဲ့ပါတ်သတ်ပြီး အိမ်၌ သတင်းစာရှင်းလင်းပွဲလုပ်မှာဖြစ် ပါတယ်။ ဂျူဒပ်စကာဟာ အလိုက်ကမ်းဆိုးမသိ ဂရုလည်းမစိုက်တဲ့ တော်တော် ဂွကျတဲ့ သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ဖြစ်ပြီး နှာဘူးထလိုက်တာဆိုသည်မှာ လည်းကမ်းကုန်ဖြစ်သည်။ တိုက်ရိုက် ထုတ်လွင့်နေတဲ့ သတင်းစာရှင်းလင်းပွဲ၌ ဂျူဒပ်စကာဝင်နှောက်ပါ တော့တယ်။ စာနယ်ဇင်းသမားတွေမေးခွန်းထုတ်တဲ့အခါ အတွင်းဝန်လည်း ချော် လဲရောထိုင်ကာ အဆိုပါလူမည်းအမျိုးသမီးနှစ်ယောက်အား သူ့အိမ် တွင် လော့ဒေါင်းကာလ နှစ်ပတ်အတွင်း နေထိုင်ရန် ဖိတ်ခေါ်ထား ကြောင်းပြောပါတော့တယ်။ ပြဿနာက လူမည်းကောင်မလေးနဲ့ သူ့ရဲ့သားကိုသဘောမတူနိုင်တဲ့ ဂုဏ်သရေရှိမျိုးရိုးမှဆင်းသက်လာ တဲ့ ဝန်ကတော် လက်စ်လော့ပဲဖြစ်ပါတယ်။ မဟုတ်မခံ ကိုယ့်ကိုလာ လုပ်ရင် နှစ်ဆလောက်ပြန်တွယ်ရမှကျေနပ်တဲ့ ဂျူဒပ်စကာနဲ့ လူမျိုး ရေးခွဲခြား ဧည့်ဝတ်မကျေတဲ့ လက်စ်လော့တို့ ထိပ်တိုက်တွေ့ကြပုံ များကို ဟာသနှောကာကြည့်ရှုရမှာဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဟာ အကြောင်းရာထက် တင်ပြပုံကိုသာဦးစားပေးကြည့်သင့်ကြောင်း သတင်းပါးလိုပါတယ်။ ကြည့်ရှုခံစားကြပါခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Aung Kaung Paing ဖြစ်ပါတယ်) File Size..........(1.61 GB) / (629 MB) / (364 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 20Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Aung Kaung Paing Encoder..........SWM
ဒေါင်းလုပ်လင့်ခ်များမရှိသေးပါ
ထုတ်လွှင့်သည့်နေ့
December 10, 2020
ကြာချိန်
1h 21m
အဆင့်သတ်မှတ်ချက်
5.2 / 10
Director
Jonathan Herman