
ဒီတခေါက်တင်ဆက်ပေးထားတာကတော့ American Horror Story, Ocean’s 8 စတဲ့ ဒိတ်ဒိတ်ကြဲရုပ်ရှင်တွေထဲက နာမည်ကြီးမင်းသမီး Sarah Paulson ရဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်လေးပဲ ဖြစ်ပါတယ် မင်းသားကလည်း Creep (2014),(2017) တို့ရဲ့ ဇာတ်ညွှန်းရေးဆရာ/သရုပ်ဆောင်ဖြစ်တဲ့ Mark Duplass ပါ IMDB rating 7.3 နဲ့ ခရမ်းချဉ်သီးပုပ် 92% တောင်ရထားတဲ့ အချစ်ဇာတ်လမ်းကောင်းလေးဆိုလည်း မမှားပါဘူး ဒီဇာတ်ကားက ကာရိုက်တာတွေအများကြီးမပါဝင်ဘဲနဲ့ အဓိကဇာတ်ဆောင် မင်းသား မင်းသားမင်းသမီး ၂ယောက်ရယ် အဘိုးကြီး ၁ဦးရယ်ပဲ ပါဝင်ပါတယ် ပြီးတော့လည်း တမူထူးစွာ ရုပ်ရှင်ကို B&W အဖြစ်ရိုက်ထားပါတယ် ဇာတ်လမ်းလေးရဲ့နာမည်ကလည်း Blue Jay ငှက်ခါး တဲ့ စည်ကားဆူညံမှုတွေမရှိတော့တဲ့ သက်ကြီးပိုင်းနဲ့ သက်လတ်ပိုင်းလူတွေပဲ ကျန်ခဲ့တဲ့ နယ်မြို့လေးတမြို့မှာ ဇာတိကို ခဏပြန်လာကြတဲ့ ငယ်သူငယ်ချင်းတဖြစ်လဲ ရည်းစားဟောင်းနှစ်ဦးရဲ့ မတွေ့တာကြာတဲ့ စကားဝိုင်းလေးကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ နားဝင်ချိုတဲ့နောက်ခံတီးလုံးလေးတွေနဲ့ ဒီကားကို ဖန်တီးထားပါတယ် အတက်အကျကြမ်းတဲ့ ဇာတ်ဝင်ခန်းရယ်လို့ အထွေအထူးမပါပေမဲ့ ကြည့်ရတဲ့သူရဲ့ရင်ထဲ တချိန်က ရှိခဲ့ကြဖူးမဲ့ ဆက်ဆံရေးလေးတွေကို ပြန်တွေးအမှတ်ရစေပြီး ကြည်နူးမိစေပါတယ် Before Sunrise လို ဇာတ်လမ်းသွားမျိုးကို သဘောကျတဲ့သူတွေ စမ်းကြည့်သင်ပါတယ် ဇာတ်ကြောင်းလေးကတော့… ဂျင်မ်တယောက် သူ့မိခင်ဆုံးသွားတော့ အိမ်ကပစ္စည်းတွေကိုရှင်းရင်း အိမ်ကိုပြန်ပြင်ပြီး ရောင်းဖို့အတွက် ဇာတိမြို့လေးကိုပြန်လာခဲ့ပါတယ် တနေ့ ဈေးဝယ်ထွက်ရင်း ဆိုင်မှာ သူ့အချစ်ဦးဖြစ်တဲ့ ငယ်သူငယ်ချင်း အမန်ဒါနဲ့ ပက်ပင်းတိုးပါတော့တယ် နှစ်ယောက်သား ပြန်နှုတ်ဆက်ကြရင်း တယောက်အကြောင်းတယောက်မေးကြရင်းကနေ ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ရှုစားလိုက်ကြပါဦးနော် File size… 1.3 GB / 578 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Fio
| Provider | Resolution | File Size | |
|---|---|---|---|
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 1080p | 1.3 GB | Download | |
| 720p | 578 MB | Download | |
| 720p | 578 MB | Download | |
| 720p | 578 MB | Download | |
| 720p | 578 MB | Download | |
| 720p | 578 MB | Download |